Friday, December 31, 2010
Tuesday, December 28, 2010
Charles Tilly's Framework နှင့် လူထုတိုက်ပွဲ
လူထုတိုက်ပွဲ (သို့မဟုတ်) လူထုတော်လှန်ရေးတွေကို လေ့လာသုံးသပ်တဲ့အခါမှာ အချက်သုံးချက်ကို အာရုံစိုက် လေ့ လာလေ့ ရှိကြပါတယ်။ ပထမအချက်က လူထုတိုက်ပွဲ ပေါ်ထွက် လာရတဲ့ အခြေခံ အကြောင်းရင်းတွေဖြစ် တဲ့ ပြဿနာအရင်းခံ၊ အတိုက်အခံအင်အား၊ ပြဿနာအရင်းခံအပေါ်မှာ အတိုက်အခံ များရဲ့ ရှုမြင်သုံးသပ်မှု၊ တိုက်ပွဲ ဆင်နွှဲပုံ နည်းလမ်း စတာတွေ ဖြစ်ပါတယ်။ ဒုတိယ အချက်က တော်လှန်ရေး သန္ဓေတည်လာတဲ့ လူ့အဖွဲ့အစည်း အတွင်းက ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုတွေ ဖြစ်ပါတယ်။ တတိယအချက်ကတော့ လူတဦးတယောက် (သို့မဟုတ်) လူအုပ်စုတွေဟာ အာဏာပိုင်တွေကို တော်လှန်ဖို့ ဘယ်လိုစုဝေးပေါင်းစည်းလာပြီး အဖွဲ့အစည်းတွေ၊ လှုပ်ရှားမှု တွေကနေ လူထုတိုက်ပွဲကြီးပေါ်ထွက်လာလဲ ဆိုတာပဲ ဖြစ်ပါ တယ်။ အခုဒီဆောင်းပါးမှာ ဒီလို လူအုပ်စုတွေ စုစည်းလာမှုကနေ လူထုတိုက်ပွဲကြီးတွေ ဖြစ်လာတာနဲ့ ပတ်သက်ပြီး Charles Tilly's Framework ကို အသုံးပြု တင်ပြပါမယ်။
Charles Tilly's Framework မှာ အပိုင်း (၅) ပိုင်း ပါဝင်ပါတယ်။
(၁) အကျိုးစီးပွား (Interests)
လူအများ စုပေါင်းပြီး အာဏာပိုင်တွေကို တော်လှန်ကြတဲ့အခါမှာ တော်လှန်ရေးအင်အားစုတွေရဲ့ အကျိုး စီးပွားက ဘာ တွေလဲဆိုတာကို သေချာဖော်ထုတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလို ဖော်ထုတ်နိုင်မှသာ ဘုံအကျိုး စီးပွားကို ရှာဖွေပြီး ဘုံရည်မှန်းချက်၊ လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုရှာဖွေ ဖော်ထုတ်တဲ့အခါ မှာ ရေတိုအကျိုးစီးပွားနဲ့ ရေရှည်အကျိုး စီးပွား နှစ်မျိုးစလုံးကို လေ့လာဖို့ လိုပါတယ်။ တချိန်တည်းမှာပဲ အုပ်စုလိုက် အကျိုးစီးပွားနဲ့ ခေါင်းဆောင်တွေရဲ့ တဦးချင်း အကျိုးစီးပွားတွေကို လေ့လာဖော်ထုတ်ပြီး အုပ်စုလိုက် အားပြိုင်မှုတွေ ဖြစ်ပွားရတဲ့ အခြေခံ အကြောင်းရင်းများနဲ့ ကိုယ်ကျိုးရှာ မှုများကို လေ့လာဖို့ လိုပါတယ်။ သို့မှသာ ကွဲပြားခြားနားတဲ့ တဦးချင်း အကျိုးစီးပွား၊ အုပ်စုလိုက် အကျိုးစီးပွား၊ တော်လှန်ရေး အကျိုးစီးပွား၊ တိုင်းပြည်ရဲ့ အကျိုးစီးပွားတွေအကြားမှာ ဘုံအ ကျိုးစီးပွားကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဘုံအကျိုး စီးပွား ကို ရှာဖွေတွေ့ရှိလာတဲ့ အုပ်စုတွေ၊ လူပုဂ္ဂိုလ်တွေ အကြားမှာ စုစည်းမှု ရှိလာတဲ့အခါ တော်လှန်ရေး အဖွဲ့အစည်း တွေ ပေါ် ထွက်လာပါတယ်။
(၂) တော်လှန်ရေးအဖွဲ့အစည်း (Revolutionary Organization)
တော်လှန်ရေးအဖွဲ့အစည်းတွေကို လေ့လာသုံး သပ်တဲ့အခါမှာ အဖွဲ့အစည်းရဲ့ ရေချိန် (degree of organization) ကို ကနဦးသုံးသပ်ဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းဟာ စုစည်းညီညွတ်မှုမရှိပဲ တစစီပြိုကွဲနေတဲ့ အဖွဲ့အစည်းလား၊ စနစ် တကျ ညီညွတ်စွာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလား ဆိုတာပေါ် မူတည်ပြီး တော်လှန်ရေးအပေါ်မှာ အကျိုးသက်ရောက်နိုင်မှုနဲ့ ထိရောက်နိုင်မှုတွေက ကွဲပြားခြားနားပါတယ်။ အဖွဲ့အစည်းတွေ ဖွဲ့စည်းကြရာမှာ common identity ပေါ် မူတည်ပြီး အဖွဲ့ အစည်း (ဥပမာ- ကျောင်းသား အဖွဲ့အစည်း၊ အမျိုးသမီး အဖွဲ့အ စည်း၊ နိုင်ငံရေးဝါဒပေါ် အခြေခံပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း) ဖွဲ့စည်း လေ့ရှိကြပါတယ်။
ဒါကြောင့် အဖွဲ့အစည်းတွေရဲ့ ရေချိန်ကို လေ့လာတဲ့ အခါမှာ catness လို့ခေါ်တဲ့ degree of common identity ကို လေ့လာဖို့ လိုပါတယ်။ ဒါတင်မကပဲ အဖွဲ့အစည်း အတွင်းက လူပုဂ္ဂိုလ်တွေအချင်းချင်းရဲ့ ချိတ်ဆက်မှုနဲ့ ဆက်နွယ်မှု သဏ္ဍာန်တွေကိုလဲ လေ့လာဖို့ လိုပါသေးတယ်။ အဖွဲ့ဝင်တွေ အကြားမှာ ရဲဘော်ရဲဘက်စိတ် တည်ဆောက်ထားနိုင်ရင် တော်လှန်ရေးအတွက် ပိုပြီးအကျိုးသက်ရောက်မှု များပါတယ်။ ဒါကိုတော့ netness (degree of internal networking) ကို ပညာရှင်များက သတ်မှတ်ခေါ်ဆိုပါတယ်။ catness နဲ့ netness ပေါ်မှာ မူတည်ပြီး အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေ ပေါ် ထွက်လာပါတယ်။ ရေချိန်မြင့်တဲ့ အဖွဲ့အစည်းတွေက လှုပ်ရှား မှုအားကောင်းပြီး၊ ရေချိန်နိမ့်တဲ့ အဖွဲ့အစည်းတွေက လှုပ်ရှား မှုအားလျော့နေတတ်ပါတယ်။
(၃) လှုပ်ရှားမှု (Mobilization)
အုပ်စုဖွဲ့လှုပ်ရှားမှုမှာ ပုံစံသုံးမျိုးရှိပါတယ်။ ပထမတ မျိုးက ခုခံကာကွယ်ရေး လှုပ်ရှားမှု (defensive mobilization) ဖြစ်ပါတယ်။ ပြင်ပက တိုက်ခိုက်မှု (သို့မဟုတ်) အာဏာ ရှင်တွေရဲ့ မတရားဖိနှိပ်စော်ကား လာမှု (threats) တွေကို ခုခံကာကွယ်ဖို့ လူအများစုစည်းလာပြီး၊ ခေါင်းဆောင်တွေ ပေါ် ထွက်လာတာဖြစ်ပါ တယ်။ ဒီလိုအုပ်စုဖွဲ့လှုပ်ရှားမှုကို bottom-up approach လို့ သတ်မှတ်ကြပါတယ်။ လှုပ်ရှားမှု က ကနဦးစ တင်ပြီးမှ ခေါင်းဆောင်က လှုပ်ရှားမှုကနေ ပေါ်ထွက် လာတာမျိုးပါ။
ဒုတိယတမျိုးက တိုက်ခိုက်ရေးလှုပ်ရှားမှု (offensive mobilization) ဖြစ်ပါတယ်။ တော်လှန်ရေး အတွက် အခွင့်အလမ်းတွေကို ခေါင်းဆောင်တွေက ရှာဖွေပြီး တော်လှန် ရေးဆင်နွှဲတာ ဖြစ်ပါတယ်။ ပမာဆိုရရင် မြန်မာပြည်ရဲ့ လွတ်လပ် ရေးလှုပ်ရှားမှုတုန်းက အင်္ဂလိပ်အခက်၊ ဗမာ့အချက်လို့ ကြွေးကြော်ပြီး နယ်ချဲ့ ဆန့်ကျင်ရေးကို အရှိန်မြှင့်ခဲ့ကြပါတယ်။ ဒါဟာ တိုက်ခိုက်ရေးလှုပ်ရှားမှု ဥပမာတခုပဲ ဖြစ်ပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကို top-down approach လို့ သတ်မှတ် ကြပါတယ်။ ခေါင်းဆောင်တွေက ဦးဆောင်ပြီး လှုပ်ရှားမှုကို ခေါ် ဆောင်ရတာ ဖြစ်ပါတယ်။
တတိယတမျိုးကတော့ ကြိုတင်ပြင်ဆင်ရေး လှုပ်ရှားမှု (preparatory mobilization) ဖြစ်ပါတယ်။ ဒါကတော့ အာဏာပိုင်တို့ရဲ့ အခြေအနေကို စောင့်ကြည့်အကဲခတ်ပြီး ရ လာမယ့် တော်လှန်ရေး အခွင့်အလမ်းတွေကို အမိအရ ဆုပ် ကိုင်အသုံးပြုနိုင်ဖို့ကြိုတင်ပြင်ဆင်ထားရတဲ့ လှုပ်ရှား မှုဖြစ်ပါတယ်။ မြေအောက်ယူဂျီ ကွန်ယက်တည် ဆောက်ရေး လှုပ်ရှားမှု၊ တပ်ပေါင်းစု ဖော်ဆောင်ရေး လှုပ်ရှားမှုတွေဟာ ကြို တင်ပြင်ဆင်ရေး လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။
(၄) တော်လှန်ရေးအခွင့်အလမ်း (Opportunity)
တော်လှန်ရေးအခွင့်အလမ်း ပေါ်ထွက်မှုဟာ တော် လှန်ရေးအင်အားစုများနဲ့ နိုင်ငံတော်အကြားက ဆက်နွယ်မှု တွေပေါ်မှာ အများကြီး မူတည်ပါတယ်။ အုပ်စုတွေအကြားမှာ ဘုံအကျိုးစီးပွားတွေ ရှာဖွေတွေ့ရှိလာပြီး တော်လှန်ရေး အဖွဲ့ အစည်းတွေ ပေါ်ထွက်လာတဲ့အခါ၊ တော်လှန်ရေးလှုပ်ရှားမှုတွေ စတင်လာတဲ့အခါ နိုင်ငံတော်မှာ ရွေးချယ်စရာ နည်းလမ်းလေးခု ရှိပါတယ်။ ဖိနှိပ်မှု၊ အတိုင်းအတာ တခုအထိ လိုက်လျောဆက် ဆံမှု၊ ညှိနှိုင်းဆွေးနွေးမှုနဲ့ နှိမ်နင်းမှုတွေ ဖြစ်ပါတယ်။
အစိုးရ အများစုကတော့ တော်လှန်ရေးအဖွဲ့ အစည်း တွေ ပေါ်ထွက်လာမှုတွေကို စောင့်ကြည့်လေ့လာမှု လိုက်လျော ဆက်ဆံမှုနဲ့ ဖိနှိပ်မှုတွေလုပ်လေ့ရှိပြီး၊ လှုပ်ရှားမှုဖြစ်လာတဲ့ အခါကျမှ နှိမ်နင်းမှုတွေ လုပ်လေ့ရှိပါတယ်။ ဒီလို နိုင်ငံတော်ရဲ့ တုန့်ပြန်မှုတွေပေါ်မှာ မူတည်ပြီး တော်လှန်ရေးအခွင့်ကောင်း တွေ ပေါ်ထွက်လာတတ်တာကြောင့် အခွင့်ကောင်းတွေကို အချိန်အခါနဲ့အညီ မိမိရရ ဆုပ်ကိုင် အသုံးပြုတတ်ဖို့ လိုအပ် ပါတယ်။
တော်လှန်ရေး အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ထည့် သွင်းစဉ်းစားဖို့ လိုအပ်ချက်တခုကတော့ အခွင့်အ လမ်းကို အသုံး ပြုခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးတွေနဲ့ ဆုံးရှုံးမှုတွေကို ချိန်ဆနိုင်မှုပဲ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုခေါင်း ဆောင်တွေဟာ မိုက်ရူးရဲ ထင်ရာစိုင်း လုပ်နေသူတွေ မဖြစ်ရပါ ဘူး။ အချိန်အခါ၊ အခြေအနေကို ရှုမြင်သုံးသပ်ပြီး လူထုရေချိန်၊ တော်လှန်ရေးရေချိန်၊ အဖွဲ့အစည်းရေချိန်ကို ဆန်းစစ်နိုင်သူများ ဖြစ်ရပါမယ်။
(၅) လူထုတော်လှန်ရေး (သို့မဟုတ်) လူထုတိုက်ပွဲ
လူထုတိုက်ပွဲဆိုတာ လမ်းပေါ်ထွက်ပြီး လူအများစုဝေးကြ၊ တရားဟောကြတာကိုတင် ဆိုလိုတာ မဟုတ်ပါဘူး။ လူထု တိုက်ပွဲမှာ ရည်မှန်းချက်ပန်းတိုင် ရှိရပါမယ်။ လူအများစုဝေးပြီး တိုက်ပွဲတခုကို ဖော်ဆောင်တာမှာ တိုက်ပွဲရဲ့ ဗဟိုချက်မ ရှိရပါ မယ်။ ဒီတိုက်ပွဲဟာ ဘာကိုဦးတည်တိုက်တာလဲ၊ တိုက်ပွဲရဲ့ အောင်မြင်မှုရလဒ်က ဘာလဲဆိုတာ သိဖို့ လိုပါတယ်။ အစိုးရ ပြုတ်ကျရေးလား၊ အစိုးရကို အင်အားပြပြီး ဆွေးနွေးညှိနှိုင်း လာ အောင် ပြုလုပ်ရေးလား၊ အစိုးရကို ဖြုတ်ချပြီး အစိုးရသစ်တခုနဲ့ အစားထိုးရေးလားဆိုတာ ရှင်းလင်းဖို့ လိုပါတယ်။ ဒီလို တိကျတဲ့ ရည်မှန်းချက်ပန်းတိုင် မရှိရင် တိုက်ပွဲမရှိတာက ပိုကောင်းပါ တယ်။
နိဂုံး
လူထုတိုက်ပွဲဆင်နွှဲဖို့အတွက် တော်လှန်ရေးအင်အား စုတွေ စုစည်းလာမှု၊ တော်လှန်ရေးအဖွဲ့အစည်းများ ပေါ်ထွက် လာမှု၊ လှုပ်ရှားမှုများ စတင်လာမှုတွေကို လေ့လာသုံး သပ်ကြရာမှာ သုတေသန ပညာရှင် အများအပြားက Charles Tilly's Framework ကို အသုံးပြုလေ့ရှိကြပါတယ်။ လူထု တိုက်ပွဲမဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်မှုတွေ မှာလဲ Charles Tilly's Framework ကို အသုံးပြုပြီး လိုအပ်မယ့် လုပ်ငန်းစဉ်တွေ၊ တော်လှန်ရေး အခွင့်အလမ်းတွေကို ဖော်ထုတ် ဖြည့်ဆည်း နိုင်တဲ့အတွက် ကမ္ဘာတဝှမ်းက တော်လှန်ရေးများမှာ အသုံးပြုနေကြပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ရည်ညွှန်းကိုးကား
Cohan, A. S. (1975) Theories of Revolutions: An Introduction, New York, John Wiley and SonsOlson, M. (1965) The Logic of Collective action, Cambridge, Harvard University Press
Tilly, C. (1978) From mobilization to Revolution, New York, McGraw Hill

Monday, December 27, 2010
ပြည်ထောင်စုကြီး အတွင်းမှ ပြည်ထောင်စုလေး တစ်ခု၏ သမိုင်း အစ (သို့မဟုတ်) နှစ် ၉ဝ ပြည့် ရန်ကုန်တက္ကသိုလ်
၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့။ မြန်မာ့သမိုင်း ၏ အရေးပါသော နေ့များထဲမှ နေ့ရက်တစ်ခုဖြစ်သည်။
ထိုနေ့ကို ပြည်ထောင်စုကြီးထဲမှ ပြည်ထောင်စုလေး တစ်ခု ပေါက်ဖွားလာစေမည့် နေ့ရက်၊ လူငယ်များ၏ အမျိုးသား ရေး စိတ်ဓာတ်ကို အရှိန်မြင့် ဖော်ကျူးပြမည့်နေ့ရက်၊ လွတ်လပ် ရေး ကြိုးပမ်းမှုအတွက် လူငယ်ခေါင်း ဆောင်များကို မွေးထုတ်ပေး မည့် အသိုက်အဝန်းတစ်ခု၏ နေ့ရက် အစရှိသဖြင့်တင်စား ပြော ဆိုကြပေလိမ့်မည်။
နိုင်ငံအတွက်ဖြစ်စေ၊ လူမျိုးအတွက်ဖြစ်စေ အရေးကြီး ဆုံး အချက်သည် ပညာရေးဖြစ်သည်။ ပညာရေးကသာ အရာ ရာကို တိုးတက်အောင် လုပ်ဆောင်နိုင်သည်။ အရာရာကို ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်နိုင်သည်။ ပညာရေး အား ကောင်းမှ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အားကောင်းနိုင်မည် ဖြစ်သည်။
ပညာရေးဟု ဆိုလိုက်သည်နှင့် ရန်ကုန်တက္ကသိုလ်ကို သတိရကြသည်။ ပညာရေးကြောင့် အရာအားလုံး တိုးတက်ခဲ့ သည်ကို ရန်ကုန်တက္ကသိုလ်က သက်သေပြခဲ့သည်။ ရန်ကုန် တက္ကသိုလ်ကို မြန်မာနိုင်ငံ၏ ထိပ်ဆုံးပညာရေး ဟူ၍ပင် မြန်မာ့ စွယ်စုံကျမ်း စာမျက်နှာထက်၌ ဖော်ပြထားခဲ့သည်။
သူ့ကျွန်ဘဝကျရောက်စဉ် ကိုလိုနီခေတ် မြန်မာနိုင်ငံ ၏ပညာရေးက အားရဖွယ်မရှိခဲ့ပေ။ မြန်မာတို့၏ပညာရေးမှာ ချိုးနှိမ်ခံထားရသည်။ ဗြိတိသျှ အုပ်ချုပ်ရေးယန္တရား လည်ပုံ နိုင်ရုံ မျှ ပညာရေးစနစ်ကိုသာ ထားရှိခဲ့သည်။
ကိုလိုနီကောလိပ် ပညာရေးက ၁၈၇၈ ခုနှစ်တွင် ပေါ် ပေါက်လာခဲ့သည်။ ထိုသို့ ပေါ်ပေါက်ခဲ့သော်လည်း ကောလိပ် ပညာရေးကို သင်ကြားနိုင်သူ ရှားပါးခဲ့သည်။ ပညာမလိုလား၍ မဟုတ်ပေ။ ပညာသင်စရိတ် ကြီးမြင့်မှု ကြောင့်ဖြစ်သည်။ ၁၈၉၁ ခုနှစ်အချိန် က ကောလိပ်ပညာရေး သင်ကြားသူ ဦးရေမှာ တစ် နိုင်ငံလုံး အတိုင်းအတာ အရ ၄၄ ဦးသာရှိခဲ့သည်။ ၁၉၁၂ ခုနှစ် တွင် ၃ဝဝ ဦးမျှရှိလာခဲ့သည်။ သာမန် လက်လုပ်လက်စား ဘဝ များနှင့်တောင် သူသားသမီးများက ကောလိပ်ပညာရေးနှင့် အလှမ်းကွာနေဆဲ ဖြစ်ခဲ့သည်။ ဗြိတိသျှအုပ်ချုပ်ရေး ယန္တရားနှင့် နီးစပ်သူများကသာ တက်ရောက်နိုင်ခဲ့ကြသည်။ ၁၉၁၄ ခုနှစ် အချိန်အထိ သိပ္ပံဘွဲ့ရသူ တစ်ဦးမျှ မရှိခဲ့ပေ။ သို့သော် အထက် တန်းပညာ သင်ယူသူ အရေအတွက်မှာမူ တိုးတက်လာ ခဲ့ပါ သည်။
ကောလိပ်ပညာရေးနှင့်အတူ ပေါ်ပေါက်လာသည်မှာ ရန်ကုန်ကောလိပ်ဖြစ်သည်။ ရန်ကုန်ကောလိပ်သည် အိန္ဒိယနိုင်ငံ ကာလက္ကတ္တား တက္ကသိုလ်၏ လက်အောက်ခံ ဖြစ်သည်။ ဗြိတိ သျှအစိုးရက ကိုလိုနီဒေသများ၏ ပညာရေးအတွက် ဖွဲ့စည်း ထားသော ပညာရေးဌာနမှ တိုက်ရိုက်ကိုင်တွယ်ခဲ့သည်။
၁၉ဝ၄ ခုနှစ်အချိန်၌ ရန်ကုန် ကောလိပ်ကို အစိုးရကော လိပ်ဟု ခေါ် ဆိုခဲ့သည်။ ယူနီဗာစီတီကောလိပ်ဟုလည်း ခေါ် ဆို သည်။ အချိန်ကြာလာသည်နှင့်အမျှ ကောလိပ်ပညာရေး စနစ်က မြန်မာလူငယ်များ အကြား စိမ့် ဝင်လာခဲ့သည်။ ကောလိပ်ပ ညာရေးမှ တစ်ဆင့်အနောက်တိုင်း အယူအဆအရ သင်ကြား ပို့ ချသော တက္ကသိုလ်ပညာရေးကို စတင်ထိတွေ့ ခွင့်ရခဲ့သည်။ မြန်မာနိုင်ငံအတွက် သီးခြားတက္ကသိုလ်မှာမူ ပေါ် ထွက်လာခဲ့ခြင်း မရှိသေးပေ။
အခြားတစ်ဖက်တွင်လည်း မြန်မာတို့၏ အသိအမြင် တိုးတက်လာမှုက ကောလိပ်ပညာရေးကို ပြောင်းလဲမှုရှိစေရန် အကြောင်းဖန်လာခဲ့သည်။ မြန်မာနိုင်ငံအတွက် သီးခြား တက္ကသိုလ် ထူထောင်ပေးရန် ဗြိတိသျှအစိုးရကို တောင်းဆိုလာ ကြသည်။ မြန်မာတို့၏ တောင်းဆိုမှုကို လိုက်လျောရန် ဗြိတိသျှ အစိုးရက စိုးရွံ့မှုရှိနေခဲ့သည်။ ပညာသင်ကြားခြင်းမှ တစ်ဆင့်ရ ရှိသော အသိဥာဏ်ဖွံ့ဖြိုးမှုကို ရောက်ရှိမည့် ကိစ္စရပ်ကိုစိုးရွံ့ နေ ခြင်းဖြစ်သည်။ အသိ ဥာဏ်ဖွံ့ဖြိုးမှုက ဗြိတိသျှတို့၏ ချုပ်ကိုင် မှုကို ရိုက်ချိုးနိုင်ရန်အဓိက လက်နက်ဖြစ်နေခဲ့သည်။
သီခြားတက္ကသိုလ် ထူထောင်ပေးရေးကိစ္စရပ်ကို ၁၈ ၉၂ခုနှစ် အချိန်ကတည်းက မြန်မာတို့က တောင်းဆိုခဲ့သည်။ ၁၉ ၁၆ ခုနှစ်အချိန်အထိ ဗြိတိသျှ အစိုးရကလိုက်လျောမှု မပြုခဲ့ပေ။ တောင်းဆိုမှုများက ပို၍ အရှိန်မြင့်လာ ခဲ့သည်။ တောင်းဆို ချက်များ ပြင်းထန်လာချိန်တွင် ဘုရင်ခံ ဆာဟာကုတ် ဘတ္တ လာနှင့် သူ၏နေရာကိုဆက်ခံခဲ့သော ဆာရယ်ဂျီနယ် ကရက် ဒေါက် တို့က စဉ်းစားလာရသည်။ စဉ်းစားမှု နှင့်အတူ တက္ကသိုလ် တစ်ရပ်ထူထောင် နိုင်ရန် ဥပဒေကြမ်းရေးဆွဲရန် ပြင်ဆင်ခဲ့ ကြသည်။ သုံးနှစ်တာခန့် ကြာမြင့်ခဲ့ သည်။ ၁၉၂ဝ ပြည့်နှစ် အောက်တိုဘာ ၂၄ ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ် က ဥပဒေ ကြမ်းကို အတည်ပြုခဲ့သည်။
ထိုသို့ အတည်ပြုလိုက်သည့် အတွက် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် တက္ကသိုလ်ကောလိပ်နှင့် ဂျပ်ဆင် ကောလိပ်တို့ဖြင့် ပါဝင်ဖွဲ့စည်းထားသော ရန်ကုန်တက္က သိုလ် ဟူ၍ စတင်ဖြစ်ပေါ်လာခဲ့သည်။
ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးအဓိပတိမှာ မြန်မာ ပြည်ဘုရင်ခံ ဆာရယ်ဂျီနယ် ဟင်နရီကရက်ဒေါက် ဖြစ်သည်။ တက္ကသိုလ်ကျောင်းအုပ်ကြီးမှာ ဓာတုဗေဒပါမောက္ခ မစ္စတာမက် သရူးဟန်တား ဖြစ်သည်။ ပထဆုံးမော်ကွန်း ထိန်းမှာ မစ္စတာ စီဒ ဗလျူအိန်လေး ဖြစ်ပါသည်။
တက္ကသိုလ်များ အဆောက်အဦ ဆောက်လုပ်ရန် အတွက် ရွှေတိဂုံဘုရားလူကြီး ဦးဘကျော်ပိုင်မရမ်းခြံ (ယခု ကမာ ရွတ်တက္ကသိုလ်နယ်မြေ) ကို ဝယ်ယူပြီး တည်ဆောက်ခဲ့ သည်။ ရန်ကုန်တက္ကသိုလ်ကို အောက်စဖိုဒ့်နှင့် ကိန်းဘရစ် တက္ကသိုလ် များ၏ စနစ်အတိုင်း ဖွဲ့စည်းခဲ့သည်။
သို့ဖြင့် ရန်ကုန်တက္ကသိုလ် ပေါ်လာခဲ့သည်။ ထိုသို့ ပေါ် ပေါက်လာခဲ့သော်လည်း ဝမ်းသာစရာမဖြစ်ခဲ့ပေ။ ဆန့်ကျင် လှုပ် ရှားမှုများ ပြုလုပ်ခဲ့ရသည်။ တက္ကသိုလ်အက်ဥပဒေပါ အချက် များကြောင့် ဖြစ်သည်။
တက္ကသိုလ်အက်ဥပဒေအရ ဆရာနှင့်တပည့် အတူနေ ထိုင်ကာ ပညာသင်ယူရသော စနစ်ဖြစ်သည်။ ထိုသို့ သင်ယူရာ၌ တက္ကသိုလ်တွင် နေထိုင်ကာ ပညာသင်ကြားခြင်းသည် စရိတ် ကြီးမြင့်ခြင်း၊ တက္ကသိုလ်ဝင်စ ကျောင်းသားများအနေဖြင့် အကြို တစ်နှစ် သင်ကြားရမည်ဖြစ်ခြင်း၊ တက္ကသိုလ်ကောင်စီနှင့် ပါမော က္ခအဖွဲ့တို့တွင် ပြင်ပလူကြီးများ အနည်းငယ် သာပါ ဝင်ခြင်း၊ အရစ်ကျစာစစ်ခြင်း စနစ်မရှိသည့်အပြင် ပြင်ပ ကျောင်းသား များအား ဖြေဆိုခွင့် မပြုခြင်း စသည့် အချက်များ ကြောင့် ရန်ကုန် တက္ကသိုလ် ဖြစ်လာစေမည့် တက္ကသိုလ် အက်ဥပဒေကို ကောလိပ် ကျောင်းသားများက ဦးဆောင် သပိတ်မှောက်ခဲ့ကြသည်။
ထိုသို့ သပိတ်မှောက်ခဲ့ခြင်းက မြန်မာတို့၏အမျိုးသား ရေး စိတ်ဓာတ်ကို ဗြိတိသျှအစိုးရအား လူငယ်များမှ ဦးဆောင် ပြီးပြသလိုက်ခြင်း ဖြစ်သည်။ ပညာရေးစနစ် ကောင်းငတ်မွတ်နေ သည့် မြန်မာများအတွက် ဗြိတိသျှအစိုးရက တက္ကသိုလ်တစ်ခုကို ထူထောင်ပေးလိုက်သည်။ သို့သော် လူတိုင်းအလွယ်တကူ တက် ရောက်နိုင်မှု မရှိစေရန်နှင့် လူတန်းစားခွဲခြားထားမှု ပြုလုပ်နိုင်ရန် ဥပဒေတွင် ပြဋ္ဌာန်းခဲ့သည်။ ထိုအချက်ကို မြန်မာလူငယ်များက သိရှိခဲ့ပြီး သပိတ်မှောက်ခဲ့သည်။ ဥပဒေပါ အချက်အလက်များကို ပြင်ဆင်ပေးရန် တောင်းဆိုခဲ့သည်။
ဗြိတိသျှအစိုးရက ပြင်ဆင်ပေးရန် ငြင်းဆန်ခဲ့သည်။ ထို့ အတွက်ကြောင့် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် နေ့တွင် ပထမဆုံးသော တက္ကသိုလ် ကျောင်းသားသပိတ် ပေါ်ထွက်လာ ခဲ့သည်။ ထိုနေ့သည် တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက်ဖြစ် သည်။ ယင်းနေ့ကို အမျိုးသားနေ့ဟု သတ်မှတ်ခဲ့သည်မှာ မျက် မှောက်ခေတ် အချိန်အထိ ဖြစ်သည်။
တက္ကသိုလ်ကျောင်းသား သပိတ်ကို ကျောင်းသား ၁ဝ ဦးက ဦးဆောင်ခဲ့သည်။ ကိုဘဦး၊ ကိုဖိုးကွန်း၊ ကိုအေး၊ ကိုညီပိတ်၊ ကိုလှတင်၊ ကိုဘရှင်၊ ကိုဘ ခင်၊ ကိုဖေသိန်း၊ ကိုထွန်းနှင့်ကိုအောင် ဒင်တို့ ဖြစ်ကြသည်။ ထိုသပိတ်မှောက် ကျောင်းသားများက ကျောင်းများမှ ထွက်ခွာခဲ့ကာ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြားတောရ ဦးအရိယကျောင်းသို့ ရွှေ့ပြောင်းနေထိုင်ကြသည်။
၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် သပိတ် မှောက်ကျောင်းသားများက ဦးဆောင်ပြီး တက္ကသိုလ် အက် ဥပ ဒေကို ပြင်ဆင်ပေးရန် အချက် ၁၆ ချက်ပါ တောင်းဆိုချက် တစ် စောင်ကို ရန်ကုန်တက္ကသိုလ်၏ အဓိပတိနှင့် ဘုရင်ခံ လည်း ဖြစ်သည့် ဆာရယ်ဂျီနယ်ကရက်ဒေါက်ထံ တင်သွင်း ခဲ့သည်။
သပိတ်မှောက် ကျောင်းသားများ တောင်းဆိုခဲ့သည့် အချက် ၁၆ ချက်က မြန်မာတို့၏ အမျိုးသားရေးစရိုက် လက္ခ ဏာကို အတိအလင်းပြဆိုခဲ့သည်။ ပညာရေးအတွက် တောင်း ဆိုမှုသာ မကဘဲ ဗြိတိသျှအုပ်ချုပ်ရေး ယန္တရား ကိုပါ တပ်လှန့် လိုက်သည့် တောင်းဆိုချက်များ ပါဝင်ခဲ့သည်။ ဗြိတိသျှ အစိုးရ ကလည်းတောင်းဆိုချက်များကို လက်မခံဘဲပယ် ချခဲ့ သည်။ သပိတ်တွင်ပါဝင်သော ကျောင်းသားများကို ကျောင်းမှ ထုတ်ပစ် မည်ဟုပင် ခြိမ်းခြောက်ခဲ့ သည်။ သပိတ်မှောက် ကျောင်း သား များနှင့်အတူ အခြားသော ကျောင်းသားများလည်း ဝင်ရောက် ပူးပေါင်းလာခဲ့သည်။ ပညာရေးတောင်းဆိုမှုများမှ တစ်ဆင့် မြန်မာလူထု၏ နိုင်ငံရေးနိုးကြားမှုအသွင်သို့ ကူးပြောင်း လာခဲ့ ကြသည်။ သပိတ်တိုက်ပွဲများကလည်း အရှိန်မြင့် လာခဲ့သည်။
သပိတ်တိုက်ပွဲ ကာလအတွင်း ကျွန်ပညာရေးစနစ်ကို အလိုမရှိကြောင်း ပြသသည့်အနေဖြင့် လည်းကောင်း၊ မြန်မာလူ ငယ်များ၏ ပညာရေးအခက်အခဲ တွေ့ကြုံမှုမရှိစေရန်အတွက် လည်းကောင်း အမျိုးသားကျောင်းများ ဖွင့်လှစ်လာကြသည်။ အမျိုးသား ပညာရေးကောင်စီလည်း ပေါ်ပေါက်လာခဲ့သည်။ ၁၉ ၂၁ ခုနှစ်၌ အမျိုးသားကောလိပ်ကျောင်း ပေါ်ပေါက်လာ ခဲ့သည်။
သပိတ်ကျောင်းသားများ၏ နိုင်ငံရေးအတွေ့အကြုံ အားနည်းမှု၊ နိုင်ငံရေးပရိယာယ် မကြွယ်ဝမှုများကြောင့် ပထမ ကျောင်းသားသပိတ် ပျက်ပြယ်သွားခဲ့ရသည်။ ထိုသို့ ပျက်ပြယ် သွားသော်လည်း အကျိုးရလဒ်များထွက် ပေါ်ခဲ့သည်။ ၁၉၂၄ ခု နှစ်တွင် ဗြိတိသျှ အစိုးရက ပြဋ္ဌာန်းထားသော တက္ကသိုလ် အက် ဥပဒေကို ပြင်ဆင်ပေးလိုက်သည်။
ပြင်ဆင်လိုက်သော တက္ကသိုလ် အက်ဥပဒေသည် ပထမကျောင်းသား သပိတ်မှ တောင်းဆိုခဲ့သည့် အချက်များ အား လုံးကို ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ပြင်ဆင်လိုက်သော ဥပဒေ၌ တက္ကသိုလ်အသစ် ဖြစ်နိုင်မည်ဟု မျှော်လင့်ရသော ကော လိပ်များကို နယ်များတွင် ဖွင့်လှစ်ရန်၊ ရန်ကုန် တက္ကသိုလ်က မထောက်ပံ့သော ကောလိပ်များကို ဖက်စပ်ပါဝင်သော ကော လိပ်များဟု အသိအမှတ်ပြုရန်၊ တက္ကသိုလ်တွင် အကြီးဆုံးအာ ဏာပိုင်ဖြစ် စေရန်အလို့ငှာ ကောင်စီကို တိုးချဲ့ဖွဲ့ စည်းရန်နှင့် ပြင်ပလူကြီးများပိုမိုခန့်ထားရန်၊ ပါမောက္ခအဖွဲ့သို့ ကောင်စီ က ရွေး၍ တင်လိုက်သော လူကြီးများသည် ပြင်ပလူကြီးများ သာဖြစ်ရန် ဟူသောအချက်များ ပါဝင်ခဲ့သည်။
ပြင်ဆင်ပေးလိုက်သော တက္ကသိုလ်အက်ဥပဒေအရ မြန်မာလူငယ်များ ပညာသင်ရန် အခွင့်အရေးများ ပိုမိုရရှိလာ သည်။ ပထမ ကျောင်းသား သပိတ်၏အရှိန်က မြန်မာတို့၏ နိုင်ငံ ရေးနိုးကြားစိတ်နှင့် အမျိုးသားရေးစိတ်ကို နှိုးဆွပေးနိုင်ခဲ့သည့် နည်းတူ ဒုတိယ ကျောင်းသားသပိတ် အပါအဝင် မြန်မာ့ လွတ် လပ်ရေး ကြိုးပမ်းမှုတွင် ပေါ်ထွန်းလာမည့် ခေါင်းဆောင်များ လည်း ရန်ကုန်တက္ကသိုလ်မှ တစ်ဆင့် မွေးထုတ် ပေးနိုင်ခဲ့သည်။
ဒုတိယ ကျောင်းသားသပိတ်က ၁၉၃၆ ခုနှစ်၌ဖြစ်ခဲ့ သည်။ ထိုသပိတ်မှ တစ်ဆင့် အကျိုးရလဒ်အနေဖြင့် ဦးဖေမောင် တင်၊ ဒေါက်တာလှဖူးနှင့် ဦးဘ တို့မှာ ပထမမြန်မာ ကျောင်းအုပ် ကြီးများ ဖြစ်လာခဲ့သည်။ ဒုတိယကျောင်း သပိတ်၌ ဂျပ်ဆင်ကော လိပ် ကျောင်းသား ကိုအောင်ကျော် ကျဆုံးခဲ့သည်။
ကိုလိုနီခေတ် ရန်ကုန်တက္ကသိုလ်၌ ပေါ်ပေါက်ခဲ့သော ကျောင်းသားသပိတ် များသည် တက္ကသိုလ်အက်ဥပဒေနှင့် ပတ် သက်ပြီး ဖြစ်ပေါ်ခဲ့သော သပိတ်များဖြစ်ကြသည်။ သပိတ်အား လုံးသည် မြန်မာလူငယ်များ၏ အမျိုးသားရေး စိတ်ဓာတ်ကို ပြဆို ခဲ့ခြင်းသာဖြစ်သည်။
ထိုသို့ပြဆိုခဲ့ခြင်းက နောင်တစ်ချိန် မြန်မာ့လွတ်လပ် ရေးအတွက် ဦးဆောင်ကြိုးပမ်းသူများ ဖြစ်လာမည့် ဗိုလ်ချုပ် အောင်ဆန်း၊ ဦးနုကဲ့သို့သော ပုဂ္ဂိုလ်များကို မွေးထုတ်ပေး နိုင်ခဲ့ ကြသည်။ ထို့အပြင် ဦးသန့်၊ ဒေါက်တာ ဘမော်၊ ဦးသိန်းဖေ မြင့်၊ ဦးရာဇာတ်၊ ဒေါက်တာမောင်မောင်၊ ကာတွန်းဦးဘကလေး၊ မင်း သုဝဏ်၊ ဇော်ဂျီ အစရှိသည့် နိုင်ငံသမိုင်းတွင် တင်ကျန်ရစ် မည့်သူ များစွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သည်။
ကောလိပ် ကျောင်းသားကြီးများ၏ အမျိုးသားရေး စိတ်ဓာတ်နှင့်အတူ ၁၉၂ဝ ပြည့်နှစ်အချိန်၌ ရန်ကုန်တက္ကသိုလ်က ထိုးထွက်လာခဲ့သည်။ ၁၉၄ဝပြည့်နှစ်နှင့် ၁၉၅ဝပြည့်နှစ်ကြား ကာလများ၌ ရန်ကုန်တက္ကသိုလ်သည် အာရှထိပ်တန်းအဆင့် တက္ကသိုလ်ဖြစ်ခဲ့သည်။ အာရှနိုင်ငံများမှ ကျောင်းသားများလည်း လာရောက်ပညာသင်ယူ ခဲ့ရသည်။
အထူးသဖြင့် ရန်ကုန်တက္ကသိုလ်သည် ပြည်ထောင်စု ကြီးအတွင်းမှ ပြည်ထောင်စုကလေး တစ်ခုအဖြစ် မှတ်တမ်း ကျန်ရစ်နေခဲ့သည်။ တိုင်းရင်းသား ညီနောင်များဖြင့် ပြည်ထောင် စု မြန်မာနိုင်ငံကို တည်ဖွဲ့ထားသည်။ ထို ကဲ့သို့ပင် ဖြစ်သည်။ အနယ်နယ်အရပ်ရပ် မှလာရောက်ကြသည့် တိုင်းရင်းသား လူ ငယ်များပေါင်းစုံရာ ရပ်ဝန်းတစ်ခုအဖြစ် ရန်ကုန်တက္ကသိုလ်က တည်ရှိခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ် ပြည်ထောင်စု ရပ်ဝန်းငယ် အတွင်း မှ နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်သူ များစွာ ပေါ် ထွက်ခဲ့သည်။ နိုင်ငံနှင့် လူမျိုးအတွက် စွန့်စားလုပ် ဆောင်သူ များစွာလည်း ပေါ်ထွက်လာခဲ့သည်။ သမိုင်းစဉ်တစ်လျှောက် ဖြတ်သန်းခဲ့သူတိုင်းက ထိုအချက်ကို ငြင်းဆိုနိုင်ခဲ့ခြင်း မရှိပေ။ ရန် ကုန်တက္ကသိုလ်၏ သမိုင်းစာမျက်နှာများက ယနေ့ထိတိုင် အ ရောင်တောက်ပနေဆဲ ဖြစ်ပါသည်။
ရန်ကုန်တက္ကသိုလ်နှစ် ၅ဝ ပြည့် နှင့် ၇၅ နှစ်ပြည့်စိန်ရတုသဘင်ကို ခန်းနားစွာ ကျင်းပခဲ့ကြသည်။ ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက် ရန်ကုန်တက္ကသိုလ်ဖြစ်တည်ခဲ့မှု နှစ် ၉ဝ ပြည့်ခဲ့ပြီဖြစ်ပါသည်။
ကိုးကား- (၁) ရန်ကုန်တက္ကသိုလ် နှစ် ၅ဝ ပြည့် စာ စောင်(၁၉၇ဝပြည့်နှစ်)၊ (၂) မြန်မာ့စွယ်စုံကျမ်း (အတွဲ-၁၁) (၃) နှစ်ငါးဆယ်တက္ကသိုလ်-မြန်မာ့အသံကျော်ဦး (၁၉၇ဝပြည့်နှစ်) (၄) တက္ကသိုလ် များသမိုင်း (၁၉၇ဝ ပြည့်နှစ်) http://www.news-eleven.com မှကူး ယူဖော်ပြပါ သည်။
နေထွန်းနိုင်

ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ
၁၉၃၈ခု အောက်တိုဘာလတွင် တို့ဗမာအစည်းအရုံးသို့ သခင် အဖြစ် စာရင်းသွင်းခဲ့၏။ ဥပဒေတန်း၌ စခန်းကုန်သင်ရန် ကိစ္စကို လည်းကောင်း၊ ကျွန်ုပ်တို့၏ ရှေ့အလားအလာများကို လည်းကောင်း တစ်ပါတည်း အပြီးသတ် စွန့်လွှတ်လိုက်ကာ ကျွန်ုပ် သည် သြဂုတ်လအတွင်း နှစ်ဝက်ကျောင်းပိတ်ရက်ရသည့် အခါမှ စ၍ တက္ကသိုလ်ကျောင်းတော်ကြီးမှ ထွက်ခဲ့၏။
ဥရောပတိုက်တွင် မြူနစ်အရေး ပေါ်ပေါက်လာခြင်းသည်ပင် ဒုတိယကမ္ဘာစစ်ကြီး မလွဲဖြစ်ရမည့်အရေးကို ကျွန်ုပ်၏ အသိဉာဏ်အတွင်း လင်းခနဲပေါ်စေတော့၏။ ထို့ထက်စောစွာကပင် ၁၉၃၉ - ၄ဝခုလောက်၌ ကမ္ဘာစစ် ဖြစ်မည့်အရေးကို ကျွန်ုပ်တို့ တစ်စု တွက်ဆပြီး ဖြစ်၏။ ထိုအချိန်လောက်တွင် လက်နက်ဖြည့် တင်းရေး ကိစ္စများ သည် နိုင်ငံကြီးများ၌ လုံးဝပြီးစီးမည်ဖြစ်သော ကြောင့်လည်း ကမ္ဘာနှင့်အမျှ စစ်မီးလောင်ကျွမ်းချိန်တွင် တို့ဗမာ များ မည်သို့ ခြေလှမ်းလှမ်းကြမည်ကို ကျွန်ုပ်တို့လူစု မတွေးဘဲ မပြောဘဲ မနေနိုင်ပြီ။ ပြောဆိုဆွေးနွေး ကြ၏။ သို့သော် ထိုအခါက ကမ္ဘာစစ်ကြီး မလွဲဖြစ်တော့မည် ကို တွက်ဆမိရုံသာ တွက်ဆမိ၍ ဧကန်အတိအကျ ကား ပြောဆို နိုင်ခဲ့သည်မဟုတ်သော်လည်း မြူနစ်မြို့၌ အင်္ဂလိပ် နန်းရင်းဝန် ချိန်ဘာလိန်သည် မိမိနိုင်ငံတော်ကြီး၊ ဂုဏ်သိက္ခာကိုမျှ မငဲ့မထောက်နိုင်ရှာတော့ဘဲ ဟာရ် - ဟစ်တာလာ ကျေအေးနှစ်သိမ့် ရေးအတွက် ဦးနှိမ့်သည့်အခါတွင်ကား ကမ္ဘာစစ်ကြီး တံခါးမ၌ ဆိုက်ရောက်နေပြီဖြစ်ကြောင်းကို သည်းထိတ်ရင်ဖို သိရှိရလေ တော့၏။
ကမ္ဘာစစ် အမှန်ဖြစ်ချေတော့မည်။ ဗမာ့ အခြေကား အသို့နည်း။ ဗမာတွေ ဘာလုပ်ကြမည်နည်း။ ဤပြဿနာများ ကား ကျွန်ုပ်ရှေ့တွင် အလျှိုလျှို တသီကြီးေ၌းလာလေတော့၏။ တစ်ခုတည်းသော အဓိဌာန်ကို ရုတ်ခြည်း ကျွန်ုပ်ပြုလိုက်၏။
“ငါ့အတွက် ဖြစ်လိုရာ ဖြစ်စေတော့၊ နိုင်င့ရေး ဂယက်ဝဲအ တွင်းသို့ ခြေစုံပစ်၍ ဇွတ်ဆင်းကာ ငါ၏နိုင်ငံလွတ်လပ် ရေး အတွက် မနေမနား စွန့်စားလုံးပမ်းတော့အံ့။” ဤအဓိဌာန်ကို သန်သန်ကြီး ပြုလိုက်မိတော့၏။ မည် သူသည် ဤသို့ အခါကောင်း အခွင့်ထူ ရွှေလမ်းကြီး ဖြူးနေသည့် အခိုက်မျိုးတွင် ကိုယ့်နိုင်ငံအတွက် စွန့်စားရေးကို လက်လွတ်ခံ နိုင်ချိမ့်မည်နည်း။ ဟိ သစ္စံ ထိုစကား မှန်၏။ ကျွန်ုပ်အတွက် မှန် လှ၏။ ကျွန်ုပ် လက်လွတ်မခံ။ စွမ်းအားရှိသလောက် ကိုယ့်လူမျိုး ကြုံတွေ့နေရသော ကြမ္မာဆိုးကို ကပြောင်းကပြန် မှောက်လှန် ထုတွေ၊ အမြစ်ပါနုတ်၍ ချေတော့အံ့။ သခင်အစည်းအရုံးမှ တစ် ဆင့် နိုင်ငံလွတ်လပ်ရေး တိုက်ရန် တိုက်ပွဲတွင်းသို့ ကျွန်ုပ်စတင် ဆင်းမိခဲ့လေသည်။
ကျွန်ုပ် သခင်ဘဝတွင် ဆင်းမိသည်နှင့်တပြိုင်နက် သပိတ် မှောက်မှု၊ စီတန်းလမ်းလျှောက်အင်အားပြမှု၊ တော်လှန်ရေး ဒီလှိုင်းတံပိုးတို့သည် တစ်နိုင်ငံလုံး ဖုံးလွှမ်းသွားခဲ့လေသည်။ ဗြိ တိသျှအစိုးရကလည်း ထºကမှုများကို ငဲ့ညှာမရှိ၊ ပြင်းထန်စွာ တန် ပြန်တိုက်လေတော့၏။ ကျွန်ုပ်နှင့်တကွ ကြံရာပါ ဖော်တစ်သင်း သည် (ကျွန်ုပ်တို့ကို ဖမ်းချုပ်လိုက်သည့် အင်္ဂလိပ်ပုလိပ်မင်းကြီး စကားအတိုင်း သုံးရက) “အစိုးရအဖွဲ့ကို အင်နှင့်အားနှင့် တော် လှန်လုပ်ကြံမှု” ဖြင့် အစစ်အဆေးမရှိ၊ ရန်ကုန်ထောင်တွင် အတန် ကြာမျှ အကျဉ်းချထားခြင်းခံလိုက်ကြရ၏။
အမှန်မှာလည်း ထိုတော်လှန်မှုများတွင် ကျွန်ုပ်၏ အနည်းငယ် မျှသော လက်ရာသည် ပါသည်မှန်၏။ ပြောပြလောက်သော လက်ရာကား မဟုတ်လှပါ။ ဤအရေးများသည် အရှိန်ယူနေပြီ ဖြစ်သော ကမ္ဘာစစ်ကြီးကို အကြောင်းပြု၍ ပေါ်လာရမည့် မဝေး လှသော ဗမာ့လွတ်လပ်ရေး အရေးတော်ပုံကြီး မဟာအခါကြီး များအတွက် နိဒါန်းကလေးမျှသာ ဖြစ်ကြောင်းကို ကောင်း ကောင်းကြီး ထင်မြင်မိတော့၏။
ဥရောပစစ်
ကျွန်ုပ်ထင်သကဲ့သို့ပင် အမှန်ပင် စစ်ဖြစ်ရတော့၏။ ၁၉၃၉ခု စက်တင်ဘာလ (၃)ရက်နေ့တွင် ဥရောပစစ် စတင်တိုက် လေသည်။ (ကျွန်ုပ်၏ အမှတ်အသား မမှားပါက) စစ်မကြေညာမီ (၂)ရက်ကပင် တို့ဗမာအစည်း အရုံး ပြည်လုံးဆိုင်ရာ အလုပ်အမှု ဆောင်အဖွဲ့၏ အထူးအစည်းအဝေးကို ကျင်းပကာ ပါတီမရွေး ဗမာ့လွတ်လပ် ရေးကို ချစ်သူအားလုံးပါဝင်၍ တို့ဗမာအစည်း အရုံးနှင့် ဒေါက်တာဘမောင်၏ ဆင်းရဲသားအစည်းအရုံးကို အ ခြေထားလျက် ဗမာ့ထွက်ရပ်ဂိုဏ်းတစ်ခု တည်ထောင်ရန်ကို ဆုံး ဖြတ်ခဲ့ကြလေသည်။
အမှန်ပေါ် ပေါက်လာတော့မည်ဖြစ်သော ကမ္ဘာစစ်ကို ကြိုးတင်၍ ဆုံးဖြတ်ချက် ချမှတ်ကြခြင်း ဖြစ်၏။ ဤဆုံးဖြတ်ချက် အတိုင်းပင် ဗမာ့ထွက်ရပ်ဂိုဏ်းကြီးကိုလည်း ဖွဲ့စည်းမိလေသည်။ ထိုဂိုဏ်းကြီး ပြန့်ပွားမှုအတွက် အနည်းငယ်မျှသာ စီမံရစဉ်မှာ ပင် ဗြိတိသျှအစိုးရသည် နိုင်ငံအနှံ့ဖမ်းဆီးချုပ်နှောင်မှုများကို စတင် ပြုလုပ်လိုက်ရကား အဖမ်းခံရသူများအထဲတွင် အရာ ရောက်သော ထွက်ရပ်ဂိုဏ်းခေါင်းဆောင်များ အားလုံးလောက် ပါဝင်သွားလေတော့သည်။
ကျွန်ုပ်ကား တစ်ယောက်တည်း လွတ်ကျန်ရစ်သည်။ ကျွန်ုပ်အား အမှန်ဖမ်းမည့်အရေးမှာလည်း လျှို့ဝှက်ထား ချက်ပင် ဆိုသော်လည်း အများသိပြီး ဖြစ်လေပြီ။ ကျွန်ုပ်မှာလည်း ထိုအခါ က အိန္ဒိယနိုင်ငံတွင် ရမ်ဂါကွန်ဂရက် အစည်းအဝေးတက်ရောက်၍ ဂန္ဒီ၊ ဂျပါဟာလ်လာ နေရူး၊ ဆူဘတ်စ်ဘို့စ် အစရှိသော ကွန်ဂ ရက်ခေါင်းဆောင် များနှင့် တွေ့ဆုံပြီး ဗမာနိုင်ငံသို့ ပြန်ရောက်စ ဖြစ်၏။
အိန္ဒိယနိုင်ငံတွင် ကျွန်ုပ်တို့ သွားလာရတို့၌ နောက်က အစိုးရ စုံထောက်များ ဇွဲကောင်းကောင်းနှင့် လိုက်နေ ကြောင်း သိခဲ့၏။ ဗမာနိုင်ငံသို့ ကျွန်ုပ်တို့ ပြန်ရောက်သည်ဆိုလျှင်ပင် ကျွန်ုပ်တို့ အိန္ဒိယတွင် လုပ်ကိုင်ခဲ့သမျှ ကိစ္စများနှင့် ပတ်သက် သော အစီရင်ခံစာတို့ကို စီရင်စု တိုင်းရှိအရာရှိကြီးများထံ ဝေငှ ပေးပို့ထားကြောင်း သိရှိရ၏။ သခင်အစည်းအရုံးကို မတရား အစည်းအရုံးအဖြစ် ကြေညာလိမ့်မည်ဟူသော သတင်းများမှာ လည်း ပြန့်လျက်ရှိလေသည်။ ပေါ်ပေါက်လျက်ရှိသော အခြေအနေအားလုံးကိုခြုံ၍ ထင်မြင်အောင် ဆင်ခြင်ကြည့်ပြီး နောက် ပေါ်ပေါ်ထင်ထင်မနေဘဲ ခပ်လျိုလျိုနေခြင်းသာ ကောင်းမည်ဟု တွေးတောမိသည့်အ လျောက် ကြုံ လာရမည့် အရေးဟူသရွေ့ကို ရင်ဆိုင်ရန် အသင့်စီ စဉ်ရလေသည်။ သို့သော် စီစဉ်သင့်သရွေ့ကို အပြီးအစီး မစီစဉ် ရသေးမီ ကျွန်ုပ်၏ ရဲဘော်အားလုံးလောက်ပင် ထောင်တွင်း ရောက်ကုန်ကြလေပြီ။ ခြေရာပျောက်လျှိုး၍ နေရန်ကို လောလောဆယ် ကျွန်ုပ်အား ဖမ်းဆီးရန် ဝရမ်းထွက်၍လာလေတော့သည်။ ဆံခြည်တစ်လုံးကြား လွတ်မြောက်သွားရခြင်းတည်း။ ဤသို့ သော မလွတ်မမြောက်ပါက ကမ္ဘာစစ်ကြီး တာရှည်သလောက် မျှသာ မကမူဘဲ ကမ္ဘာ့အရှေ့ပိုင်းတွင် အင်္ဂလိပ်အခြေ သေချာ တည်မြဲသည့်အချိန်ထိ ကျွန်ုပ်၏ဘဝကိုအကျဉ်းထောင် တွင် မြုပ်နှံခြင်း ပြုရတော့မည်ဖြစ်ရကား အလုပ်မရှိအချိန်အားသည်နှင့် အမျှ အရေးမပါသည့်ဒေါသကိုမျိုသိပ် ကာ ဘာကိုမျှလုပ်နိုင် မည်မဟုတ်သောဘဝသို့ ရောက်ရတော့မည် အမှန်။
ဤနေရာ၌ ကြားဖြတ်သဘောဖြင့် စိတ်ဝင်စားဖွယ် အဖြစ်အပျက်ကလေးကို ချုပ်၍ ပြောရဦးမည် ဖြစ်၏။ ကျွန်ုပ် တော်လှန်ရေးသမားတစ်ယောက်အဖြစ် ရှောင်တိမ်းမနေရခင် ရန်ကုန်တက္ကသိုလ်သမဂ္ဂမှ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဝင် လူ ကြီးတစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခဲ့၏။ အစည်းအဝေး တစ်ကြိမ် မျှသာ တက်ရောက်နိုင်ခဲ့၏။ ထိုအချိန်မှာပင် ပြင် သစ် နိုင်ငံကြီး မလွဲပြိုအက်ပျက်ပြားမည့် အရိပ်နိမိတ်တို့သည် ထင်ရှားလာလေသည်။ ပြင်သစ်သမ္မတ ဥက္ကဌအမ်ရေနဒ်သည် ရုစဘဲလ်ထံသို့ နောက်ဆုံး အသနားခံလိုက်သော အခါတည်း။ ထိုအခါက ဗမာနိုင်ငံ ပညာမင်းကြီးဖြစ်သော အေ၊ ကင်းဘဲလ်သည် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဝင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့၏။ အုပ်ချူပ်ရေးအဖွဲ့၏ အစည်းအဝးအပြီးတွင် ကင်းဘဲလ် သည် ကျွန်ုပ်အား သူကားနှင့် တင်ခေါ်ခဲ့၏။ အင်္ဂလိပ် အရန်စာရင်းဝင် ဗိုလ်မှူးလေး (မေဂျာ) တစ်ယောက် ဖြစ်ရုံသာမကအလွန်ထက်လှသည် ဟု ထင်ရှားသော ကင်းဘဲလ်လို လူမျိုး တစ်ယောက်က ကျွန်ုပ်အား ဤသို့ကားနှင့် တင်ခေါ်ခြင်းမှာအလွန်ထူး ခြားလာလေသည်။ ပိုထူးခြားချက်ကား ကျွန်ုပ်ကဲ့သို့ သော သံမဏိဗြိတိသျှဆန့်ကျင်ရေးသမားတစ်ယောက်ကို ယခု စစ်ကြီးတွင် အင်္ဂလိပ်အား ကူညီပါမည့်အကြောင်း သနားစဖွယ် တုန်ရီသောအသံဖြင့် တောင်းပန်ခြင်းပင် ဖြစ်လေသည်။ ကျွန်ုပ်က သူတောင်းပန်သကဲ့သို့ မလုပ်နိုင်သဖြင့် ဝမ်းနည်းကြောင်းနှင့် စကားချီကာ အင်္ဂလိပ် ဓနရှင်စနစ်ကို ဖြိုဖျက်ရန်သာ ကျွန်ုပ်လုပ်ရ လိမ့်မည်အကြောင်းကို ပြန်ပြောလိုက်ရ၏။
အရှေ့သို့
အရေးတော်ပုံကို ဆက်ရမည်ဆိုသော် ကျွန်ုပ်တို့ ထောင် အပြင်ဘက်တွင် ကျန်ရစ်သူတစ်စုမှာ စုဝေးစည်းရုံး၍ လက်နက်စွဲကိုင်ကာ တော်လှန်ရေးပြဿနာကို ဆွေးနွေးမိကြ တော့သည်၊ ကျွန်ုပ်တို့တွင် လက်နက်လည်းမရှိ၊ ဘယ်သို့ လက် နက်ရအောင် ရှာရမည်နည်း။ ဤပြဿနာသည် ပေါ်ပေါက်လာ လေတော့၏။ နောက်တစ်လ၊ နှစ်လအခါက ကျွန်ုပ်တို့သည် ဝင်ရိုးတန်း သူလျှိုတစ်ယောက်နှင့် တွေ့ဆုံမိသဖြင့် နိုင်ငံတွင်းမှနေ၍ အုပ်ချုပ်ရေး ဖျက်ဆီးမှုများကို အနှံ့အပြားပြုလုပ်ကြရန် စီစဉ်ခဲ့ကြ သေး၏။ သို့သော် ထိုအစီအစဉ်များအတိုင်း ဆောင်ရွက်နိုင် ခြင်း မရှိခဲ့ချေ။ ထိုအတောအတွင်းမှာပင် ကျွန်ုပ်တို့၏ အဆက် အသွယ်မှာ နှောင့်ယှက်မှုများကြောင့် ပျက်ပြား သွားရလေသည်။ နောက်တစ်ဖန် အဆက်အသွယ်ရအောင် ကြံကြပါသေး၏။ ဆက်သွယ်ရေးတာဝန်ကျသော ရဲဘော်အချို့အဖမ်းခံရပြန် သဖြင့် နောက်ထပ်တစ်ဖန် အဆက်အသွယ်ရရန် အရေးသည် လည်း ပျက်ပြားရ ပြန်လေသည်။
ဗမာ - ရော်ဂျာကေးစ် တစ်ယောက် ပေါ်ပေါက်လာမှ ဖြစ်မည်ဟု ကျွန်ုပ်တို့အားလုံး သဘောကိုက်ညီကြ၏။ ကျွန်ုပ်၏ ကိုယ်နှင့် အသက်ကိုပင် ဗမာ - ရော်ဂျာကေးစ်အဖြစ်ယူရန် နိုင်ငံအတွက် စွန့်လှူလိုက်၏။
ထို့ကြောင့် ၁၉၄ဝ ခုနှစ် သြဂုတ်လ(၈)ရက်နေ့၊ ဂျာမနီ လေတပ်ကြီးက ရာဇဝင်တွင် မကြုံစဖူးသော လေကြောင်း စစ်ပွဲ ကြီး ဆင်နွဲကာ လန်ဒန်မြို့ကြီးကို တိုက်သောနေ့၊ ထိုနေ့တွင်ပင် ကျွန်ုပ်သည် ဗမာနိုင်ငံတော်ကို တရုတ် သင်္ဘောသားများ စီမံခန့် ခွဲမောင်းနှင်သည့် နော်ဝေပိုင် သင်္ဘောပေါ်တွင် တိတ်တဆိတ် ပုန်းအောင်ထွက်ခွာ လိုက်ပါသွားရလေတော့သည်။
ယခုအခါ တပ်ပေါင်း ဗိုလ်တစ်ဦးဖြစ်နေပြီဖြစ်သော ရဲဘော်တစ်ဦးလည်း ကျွန်ုပ်တို့နှင့်အတူ ကူညီဖော်အဖြစ် ပါခဲ့၏။ ကျွန်ုပ်၏ ခရီးဆုံးဌာနမှာ အမွိုင်မြို့ဖြစ်၍ ထိုမြို့မှနေ၍ ကျွန်ုပ်၏ လုပ်ဆောင်စရာရှိသည့် ကိစ္စအများကို ခန့်ခွဲစီမံရမည်ဖြစ်၏။
ကျွန်ုပ်အဖြစ်ကား သန်းခေါင်းလကွယ် တောအုပ်အလယ်၌ ရောက်သူပမာ ရှိနေတော့သည်။ ကျွန်ုပ်သွားရမည့် နေရာနှင့် ပတ်သက်၍ ကျွန်ုပ် ဘာတစ်ခုမျှမသိ။ ဆွေလည်းမရှိ၊ မျိုးလည်းမရှိ၊ ကမ္ဘာ့အရှေ့ပိုင်းသားသည့် အရှေ့ပိုင်းအကြောင်း အတုအယောင်မျှလောက်သာ သိ၏။ သိသမျှလည်း မရေရာလှ၊ ဆိုးရွားလေစွ။
တက္ကသိုလ်ကျောင်းတိုက်၌ တက္ကသိုလ်သမဂ္ဂ အိုးဝေ မဂ္ဂဇင်း စာတည်းအဖြစ် လုပ်ကိုင်နေစဉ် ဦးဥတ္တမ ကိုယ်တော်ကြီး ၏ဟောပြောချက်များကို နာကြားရ၏။ ထိုအခါ အသိဉာဏ်တစ် ခုသည် ကျွန်ုပ်ဦးနှောက်တွင် ပွင့်လင်းလာ၏။ ထို့ကြောင့် သမဂ္ဂ ကြေညာချက်တွင်လည်းကောင်း၊ အိုးဝေမဂ္ဂဇင်းတွင်လည်း ကောင်း၊ နိုင်ငံတော်ပညာတော်သင်များအား အနောက်နိုင်ငံသို့ လွှတ်စဉ်အတိုင်း မလွှတ်ဘဲ အရှေ့အာရှ၊ ဂျပန်နိုင်ငံ သို့သာ လွှတ် သင့်ကြောင်း၊ အရှေ့ရှုသင့်ကြပြီဖြစ်ကြောင်းများကို ရေးသားခဲ့ဖူး ၏။ ဗမာနိုင်ငံလုံးအနှံ့ သပိတ်မှောက်မှုများ ပေါ်ပေါက်လာပြီး နောက် ထိုအခါ ဝန်ကြီးချုပ်အဖွဲ့က ပညာတော်သင်များကို ဂျပန် သို့ လွှတ်စပြုခဲ့လေသည်။
ကျွန်ုပ် သခင်ဖြစ်လာသည့်အခါတွင် ကျွန်ုပ်တို့ယနေ့ တိုင် လမ်းလွဲလိုက်လျက် ရှိကြသည်ကို ထင်မြင်လာ၏။ အာရှ နိုင်ငံရေးသဘောများကို နှံ့စပ်ချောက်ချားအောင် ရှာဖွေဆည်း ပူးသင့်ပါလျက် ကျွန်ုပ်တို့၏ အဖိုးထိုက်လှသော အချိန်များကို မဆီမဆိုင်လှသော အနောက်နိုင်ငံအရေးများကို လေ့လာရခြင်း ဖြင့် ဖြုန်းခဲ့ကြမိသည့် အမှားကား ကြီးလှ၏။ ကျွန်ုပ် တက္ကသိုလ် တွင်ပညာဆည်းပူးစဉ်က နိုင်ငံသမိုင်းကို ဘာသာတစ်ရပ်အဖြစ် ယူခဲ့မိ၏။ ထိုသမိုင်းမှာလည်း အနောက်ပိုင်းသမိုင်းသာတည်း။
ကျွန်ုပ်တို့၏ ကိုယ်ပိုင်အမွေဖြစ်သော အလွန်ရှေးကျခဲ့ သည့် ယဉ်ကျေးမှုကြီးများ ပေါက်ဖွားတည်ထွန်းရာ တရုတ်နိုင်ငံ ကြီးနှင့် ခေတ်သစ်နိုင်ငံကြီးဖြစ်သော ဂျပန်စသော အရှေ့နိုင်ငံများ ၏ အကြောင်းကိုကား ဝိုးဝါးမသေမချာမျှသာ သိခဲ့ရ၏။ မဟာ အရှေ့အာရှအကြောင်းအထူးသဖြင့် နိပွန်သမိုင်းကို လေ့လာရန် စိတ်ပိုင်းဖြတ်မိချက်မှာ အထူးနှောင်းသွားလေသည်။ စာအုပ်ဆိုင် များရှိ စာအုပ်များမှာလည်း အင်္ဂလိပ် - အမေရိကန် ဝါဒဖြန့်စာ အုပ်များသာ ဖြစ်၏။ ဂျပန်သည် အင်္ဂလိပ်အားတိုက်ရမည်ဟူ သော စာအုပ်တစ်အုပ်သာ လျှင် ကျွန်ုပ်စိတ်ကြိုက်နှင့် တိုက်ဆိုင် မိသည်။ ထိုစာအုပ်ဖတ်ပြီးသည်ကစ၍ ဗမာ့လွတ်လပ်ရေးသည် အရှေ့ဘက်တွင်သာရှိ၏။ အရှေ့ရှိ နိပွန်တို့နှင့်သာ ရှိ၏ ဟူသော အချက်ကို ကျွန်ုပ်များစွာယုံကြည် နှလုံးသွင်းမိခဲ့တော့၏။
တက္ကသိုလ်တွင် ရှိစဉ်ကလည်း(ခေတ်သစ်ဂျပန်၏ တစ်စ တစ်စတိုးတက်မှု) (ခေတ်သစ်ဂျပန်) (ဂျပန်နိုင်ငံဖြစ်) နှင့် နိုင်ငံခြားရေးဆိုင်ရာ အသင်းမှ (၃) လတစ်ကြိမ် ထုတ်ဝေသည့် (ခေတ်ပြိုင်ဂျပန်)ခေါ် ဂျာနယ်စသော စာအုပ်များလောက်ကိုသာ ဖတ်ခဲ့ရ၏။ ထို့ကြောင့်ပင် ကျွန်ုပ်အရှေ့သို့ ထွက်လာသည့် အရေးမှာ အမှောင်တိုက် တွင် သက်ဆင်းသည်နှင့် တူလှ၏ဟု ကျွန်ုပ် ဆို၏။ လူငယ်တို့၏ တရှူးထိုး (တုံးတိုက်ကျားကိုက်) စိတ်၏ လှုံ ဆော်မှုကြောင့်သာ ထွက်ခဲ့မိခြင်းဖြစ်သတည်း။
အလုပ်အစီအစဉ်ဟူ၍ အတိအကျ ဘာမျှရှိသည် မဟုတ်ချေ။ ကျွန်ုပ်၏ မြော်မြင်တသ သမျှဉာဏ်ဖြင့်သာ ကြုံရ မည့်အရေးဟူသရွေ့ကို စီမံအုပ်စီးရန် ကျွန်ုပ်၏ ရဲဘော်များက အာဏာကုန်လွဲအပ်လိုက်ခြင်း ဖြစ်လေသည်။ အဘယ်သို့ပင်ဖြစ် စေ ငါသည်အကယ်၍ သေသွားသည့်တိုင်အောင် မြတ်သော သေခြင်း၊ နိုင်ငံအတွက်သေခြင်း သာဖြစ်သည်ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်ရတော့၏၊ ၁၉၄ဝခုနှစ် သြဂုတ်လ(၂၄)ရက်နေ့တွင် အမွိုင် မြို့သို့ ရောက်ခဲ့လေသည်။
နိပွန်နိုင်ငံတွင်
အမွိုင်မြို့၌ (၂) လကြာမျှ စောင့်ဆိုင်းပြီးနောက် နိပွန် ဗိုလ်မှူးကလေးတစ်ဦး ကျွန်ုပ်တို့အား အခေါ်လွှတ်ကာ ဗမာနိုင်ငံ ရှိ ကျွန်ုပ်တို့၏ ရဲဘော်များက ပို့လိုက်သော ကျွန်ုပ်တို့၏ ဓါတ်ပုံ များကို ပြသလျက် ထိုင်ဝမ်ကျွန်းရှိ မစ္စတာ မီနာမီဆိုသူနှင့် တွေ့ ကြုံလိုစိတ်ရှိ မရှိ မေးလေသည်။ တွေ့ရမည်ဆိုက အထူးဝမ်း မြောက်သည့်အ ကြောင်း ပြောပြသည်ကို အကြောင်းပြု၍ ကျွနုပ်တို့ တိုကျိုမြို့တော်သို့ ၁၉၄ဝခု နိုဝင်ဘာလ(၁၂)နေ့တွင် ရောက်သွားလေတော့သည်။
ဟာနေဒါ လေယာဉ်ပျံကွင်းတွင် ဗိုလ်မိုးကြိုး (ဝါ)မစ္စ တာမီနာမီသည် ကျွန်ုပ်တို့အား သူ့လက်ထောက်တစ်ဦးနှင့် အတူ လာရောက်ကြိုဆိုလျှက် ရှိလေသည်။ ကာနယ် - စူဇူကီးနှင့် အတူ ကျွန်ုပ်တို့သည် တိုကျိုမြို့တော်၌ (၃)လကြာမျှ အလုပ်အစီ အစဉ်များကို လုပ်ကိုင်စီစဉ်ပြီးနောက် ဂျပန်သင်္ဘောတစ်စင်းဖြင့် ဗမာနိုင်ငံသို့ ပြန်ခဲ့၍ ကျွန်ုပ်တို့၏ လုပ်စရာလုပ်ငန်းများကို သိရှိ စေခဲ့ရ၏။
ရန်ကုန်မြို့သို့ ၁၉၄၁ခု၊ မတ်လ(၃)ရက်တွင် ရောက်၍ မတ်လ(၉)ရက်နေ့ထိ နေ၏။ စစ်ပညာသင်ကြားရန် အတွက် ပထမနိုင်ငံချစ် လုလင်တစ်စုကို ကျွန်ုပ်နှင့်တစ်ပါးတည်း ခေါ်ဆောင် ခဲ့ကာ တိုကျိမြို့သို့ သင်္ဘောဖြင့် ပြန်လာခဲ့၏။ မတ်လ (၂၇)ရက် နေ့တွင် တိုကျိုမြို့သို့ ရောက်ခဲ့သည်။ (၁ဝ)ရက်ခန့်မျှ တိုကျိုတွင် နေပြီးနောက် စစ်အတတ်သင်ကြားရန် ဟိုင်နန်ကျွန်းသို့ ကျွန်ုပ် တို့တစ်စု ထွက်ခဲ့ကြလေသည်။ ဇူလိုင်လလောက်တွင် ဗမာနိုင် ငံတွင်းသို့ လက်နက်များ ပို့ဆောင်ရေးကို မစ္စတာ စူဇူကီးနှင့် အတူ ဆောင်ရွက်ရန် ကျွန်ုပ်ဟိုင်နန်မှ ယိုးဒယားသို့ ထွက်ခဲ့လေ သည်။ သို့သော် အင်ဒိုချိုင်းနားကို အတူပူးပေါင်းကာကွယ်ရေး စာချုပ်တစ်ခု နိပွန်နှင့် ပြင်သစ်တို့ ချုပ်ဆိုပြီးသည့်အခါတွင်ကား နိုင်ငံချင်း ဆက်သွယ်ရေးသည် အတော်ပင် ပျက်ပြားဆိုးရွားလာ လေရကား ကျွန်ုပ်မှာ နောက်ပိတ်ဆုံး အစီအစဉ်များကို အပြီး သတ် စီစဉ်ဆွေးနွေးပြုလုပ်ရန် ဟိုင်နန်သို့ ပြန်ခဲ့ရ၏။ ထိုမှတစ် ဖန် တိုကျိုမြို့သို့ သွားရပြန်လေသည်။ အောက်တိုဘာလအတွင်း ၌တစ်ဖန် ဘန်ကောက်သို့ ထွက်ခဲ့ရပြန်၏။ သို့သော် အရှေ့အာရှ စစ်မကြေညာမီ (၂)ရက်လောက်တွင် ဆိုင်ဂွန်းမြို့သို့ ပြန်ပြေးခဲ့ ရ၏။ စစ်ကြေညာပြီးနောက် ယိုးဒယားနေ ဗမာများနှင့်ပင် ဗမာ့ လွတ် လပ်ရေးတပ်မတော် ဖွဲ့စည်းရန်အတွက် ဘန်ကောက်သို့ ပြန်သွားရ၏။
ဗမာ့လွတ်လပ်ရေး တပ်မတော်
ဗမာ့လွတ်လပ်ရေးတပ်မတော်သည် စစ်ကြောင်းသုံး ကြောင်း ဖြန့်ကာ ဗမာနိုင်ငံတွင်းသို့ ဝင်ခဲ့၏။ (တနင်္သာရီနယ်မှ ဝင်သည်။) မြောက်ဘက်၌ မဲဆောက်မြို့မှလည်းကောင်း၊ တပ်မ ကြီးသည် မြစ်သာမှ လည်းကောင်း၊ ဝိတိုရိယ အငူမှလည်း ကောင်း ဝင်ရောက်ခဲ့ကြ၏။ ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ရန်သူ့သံချပ်ကာ ကားများနှင့်ပင် ပဲခုးအနီး၌ တိုက်ကြရ၏။ မြိတ် မြို့ကို သိမ်းခဲ့၏။ ထားဝယ်သိမ်းရန် နိပွန်တို့အား တွဲဖက်ကူညီ ပေးခဲ့၏။ ဟင်္သာတတွင်လည်းကောင်း၊ ဖျာပုံတွင်လည်းကောင်း တိုက်ပွဲများကို နွှဲလိုက်သေး၏။ မြစ်ဝကျွန်းပေါ်တစ်ခုလုံးကို သိမ်း ရာတွင် ပုသိမ်၊ မြောင်းမြတို့ကို သိမ်းနိုင်၏။ ဒေးဒရဲ၌ လေယာဉ် ပျံ(၂)စင်းကို ပစ်ချခဲ့၏။ ရွှေတောင်တိုက်ပွဲတွင်ကား ပြင်းထန် ရွပ်ချွံစွာ တိုက်ခိုက်ကြ၏။ ရွှေကျင်မှာလည်း တိုက်ခဲ့သည်။ အထက်နိုင်ငံ သိမ်းယူတိုက်ခိုက်ရေးတွင် ရန်သူများအား စစ်ပရိ ယာယ်ဆင်၍ ဝိုင်းမိအောင် နိပွန်တပ်မတော်ကြီးအာ ကူညီရာ၌ ဧရာဝတီအနောက်ကြောင်း ချီတက်ကူညီပေးခဲ့၏။ နိပွန်တို့နှင့် အတူတိုက်ကာ ရခိုင်ကို သိမ်းကြ၏။ နိုင်ငံတွင်း ငြိမ်ဝပ်ပိပြားမှု ကို တစ်ဖက်တစ်လမ်းကူညီဆောင်ရွက်လိုက်ရ ပြန်၏။
ဗမာ့ကာကွယ်ရေးတပ်မတော်
အမြဲတမ်း စစ်တပ်ကြီးတစ်ခု၏ အခြေမျိုးရောက်အောင် ၁၉၄၂ခု ဇူလိုင်လတွင် “ဗမာ့လွတ်လပ်ရေးတပ်မတော် ကို ဗမာ့ ကာကွယ်ရေး တပ်မတော်”ဟူ၍ ပြောင်းလဲဖွဲ့စည်းလိုက်လေ သည်။ ကျွန်ုပ်မှာ ထိုတပ်မတော်၏ ဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့ရ၏။ ဗမာ့ ကာကွယ်ရေးတပ်မတော်သည် ယခုအခါ စစ်မျက်နှာ၌ နိပွန် တို့နှင့် အတူ တွဲဖက်တိုက်ခိုက်နေပေပြီ။
ငါတို့၏လုပ်ငန်း
ဗမာ့နိုင်ငံ၏ ကြမ္မာနှင့်ပတ်သက်၍ ကျွန်ုပ်သည် ဘယ် အခါကမျှ စိတ်သက်သာမှု မရခဲ့မိပေ။ အိပ်မက်များတွင်မှာပင် ကျွန်ုပ်သည် ကျွန်ုပ်၏ မလွတ်လပ်သော နိုင်ငံအတွက် ယောင် ယမ်းငိုခဲ့၏။ ဒေါသထွက်ခဲ့မိ၏။ ယခုအခါ ဗမာနိုင်ငံတော်သည် လွတ်လပ်ပြီဖြစ်သဖြင့် အထူးနှစ်သိမ့်ကျေနပ်ရတော့၏။
သို့သော် ဗမာနိုင်ငံတော်သည် အန္တရာယ် ထူပြောလှ သော ကန္တာရကြီးကို လုံးဝကျော်လွန်ပြီ မဟုတ်သေး၊ စစ်ကြီး ကား တိုက်လျက်ရှိသေး၏။ အရေးတော်ပုံကြီး၏ သည်းထန် သော ဝေဒနာကြီးကို ကျွန်ုပ်တို့နိုင်ငံသည် ခံရဆဲဖြစ်၏။ အရေး တော်ပုံကြီး အောင်ပြီဟုသော ကြွေးကြော်သံကို ကျွန်ုပ်တို့အော် ကြရန် မသင့်သေး။ ဗမာတိုင်း ဗမာတိုင်းအတွက် ကြီးလေးလှ သော တာဝန်များသည် ရှေ့တွင် အများအပြားပင် ရှိကြကုန်၏။ ထိုတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်မှ အရေးတော်ပုံ လုံးဝအောင်မြင်မည်ဖြစ်၏။
ဤသို့သော အချက်အခြာ သေရေးရှင်ရေးအခါမျိုး တွင် အစိုးရ၏ ဉာဏ်စွမ်းဉာဏ်စ တစ်ခုတည်းအပေါ်မှာသာ အားကိုးမည့်အစား မိမိတို့၏ ဉာဏ်စွမ်းဉာဏ်စ၊ မိမိတို့ဘာသာ စည်းလုံးမှု၊ အချင်းချင်း ရိုင်းပင်းကူညီမှုများ အပေါ်တွင် အား ထား ဆောင်ရွက်ကြရန် ဗမာတိုင်း ဗမာတိုင်း နားလည်သင့်၏။ နိုင်ငံသူ ပူးပေါင်းဆောင်ရွက်မှု မရှိသော အစိုးရသည် အချည်းနှီး သာဖြစ်၏။ အထူးသဖြင့် လမ်းပန်းအဆက်အသွယ်ပျက်ပြား၍ အရာရာ ရှားပါး လှသော ခေတ်ဆိုးအခါမျိုးတွင် နိုင်ငံသူ ကူညီရိုင်းပင်း မှု မရှိပါက အစိုးရမှာ ဘာကိုမျှ တတ်နိုင်မည်မဟုတ်။
တို့ဗမာတိုင်း ကိုယ်ရွာအတွက် တာဝန်ကိုလည်း ကောင်း၊ ကိုယ့်နိုင်ငံနှင့်ဆိုင်ရာ တာဝန်ကိုလည်းကောင်း၊ ကိုယ့် ဘာသာ တွေးဆထားပါလေ။ အရေးကြုံလျှင် ကိုယ့်တာဝန်ကိုယ် ကျေပွန်ရန် အဆင်သင့် ရှိပါစေ။
ဤသို့ စည်းလုံးမှု၊ ကူညီရိုင်းပင်ဆောင်ရွက်မှုရှိသော လူမျိုးသည် ဓားပြဘေးရန်လောက်ကိုသာမဟုတ် ကိုယ့်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်မည့် ရန်သူများကိုသော်မှ ခုခံနိုင်စွမ်းမည်ဖြစ် ကြောင်းကို(နယ်တစ်နယ်ကို တိုက်ခိုက်သိမ်းယူရန် လွယ်ကူသော် လည်း လူမျိုးတစ်မျိုးကို သိမ်းသွင်းရန် မလွယ်) ဟူသော သေနင်္ဂ ပရိယာယ်ကျမ်းတွင် အတိအလင်း ထားရှိသည့် ဆိုရိုးစကား တစ်ခုက ထင်ရှားစေလေပြီ။ ။
၁၉၄၃ခုနှစ် သြဂုတ်လ (၁)ရက် (မြန်မာသက္ကရာဇ် ၁၃ဝ၅ခုနှစ် ဝါခေါင်လဆန်း (၁)ရက်၊ တနင်္ဂနွေနေ့ထုတ် ဗမာ့ခေတ် သတင်းစာတွင်) ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးသားဖော်ပြခဲ့သည်။

ကျနော်တို့မြို့က ကျနော်တို့အမေ
သားတွေလည်းပြုံး အမေပြုံး၍
အပြုံးတွေပြိုင် မြိုင်ဆိုင်လှိုင်ခဲ့၊
မဆိုင်သူများ အမုန်းပွါးတဲ့
ထိုနေ့ရက်မှာ ကျနော်တို့မလာနိုင်တာ
ခွင့်လွှတ်ပါအမေ။
နေအိမ်အချုပ် သူရုပ်တို့လက်
အာဏာစက်မှ လွတ်မြောက်ခါစ
တခဏမှာ အမေ့အပြုံးဟာ
ကမ္ဘာကိုငြိမ်းချမ်းစေလောက်တယ်။
သူကခေါင်းဆောင် ပြည့်ကျိုးဆောင်သူ
သည်လူကျောမွဲ ဆင့်တန်းခွဲလျက်၊
ငါကဗမာ ငါ့ဘာသာတွက်
လူမျိုးငဲ့ကွက် ပါတီစွဲလျက်၊
အမေရိက ဥရောပနဲ့
အာရှတိုက်ပဲ ဒေသစွဲလျက်၊
ငါနဲ့မတူ ငါ့ရန်သူဟု
သူ့လူ၊ ငါ့လူ မခွဲခြားတဲ့အမေ။
ချစ်မုန်းကျွမ်းဝင် အာဏာရှင်ပင်
အစဉ်ဖိတ်ခေါ် ရှေ့ရေးမျှော်ခဲ့တဲ့၊
အမေရိက ဥရောပသံတမန်
အာရှပါမကျန် တွေ့ဆုံခဲ့တဲ့၊
မြန်ပြည်သာယာ ၂၁ရာစုမှာ
ညီလာခံခင်း တွေ့ဆုံချင်ခဲ့တဲ့၊
ခွင့်ရေးညီမျှ တူတကွနေကြရအောင်
ပြည့်အရေး ခေါင်းဆောင်နေတဲ့အမေ။
အဲဒါ
ကျနော်တို့မြို့က ကျနော်တို့အမေ။
မြတ်သစ် (DAWN)
၂၃၊ ၁၂၊ ၂ဝ၁ဝ။
အပြုံးတွေပြိုင် မြိုင်ဆိုင်လှိုင်ခဲ့၊
မဆိုင်သူများ အမုန်းပွါးတဲ့
ထိုနေ့ရက်မှာ ကျနော်တို့မလာနိုင်တာ
ခွင့်လွှတ်ပါအမေ။
နေအိမ်အချုပ် သူရုပ်တို့လက်
အာဏာစက်မှ လွတ်မြောက်ခါစ
တခဏမှာ အမေ့အပြုံးဟာ
ကမ္ဘာကိုငြိမ်းချမ်းစေလောက်တယ်။
သူကခေါင်းဆောင် ပြည့်ကျိုးဆောင်သူ
သည်လူကျောမွဲ ဆင့်တန်းခွဲလျက်၊
ငါကဗမာ ငါ့ဘာသာတွက်
လူမျိုးငဲ့ကွက် ပါတီစွဲလျက်၊
အမေရိက ဥရောပနဲ့
အာရှတိုက်ပဲ ဒေသစွဲလျက်၊
ငါနဲ့မတူ ငါ့ရန်သူဟု
သူ့လူ၊ ငါ့လူ မခွဲခြားတဲ့အမေ။
ချစ်မုန်းကျွမ်းဝင် အာဏာရှင်ပင်
အစဉ်ဖိတ်ခေါ် ရှေ့ရေးမျှော်ခဲ့တဲ့၊
အမေရိက ဥရောပသံတမန်
အာရှပါမကျန် တွေ့ဆုံခဲ့တဲ့၊
မြန်ပြည်သာယာ ၂၁ရာစုမှာ
ညီလာခံခင်း တွေ့ဆုံချင်ခဲ့တဲ့၊
ခွင့်ရေးညီမျှ တူတကွနေကြရအောင်
ပြည့်အရေး ခေါင်းဆောင်နေတဲ့အမေ။
အဲဒါ
ကျနော်တို့မြို့က ကျနော်တို့အမေ။
မြတ်သစ် (DAWN)
၂၃၊ ၁၂၊ ၂ဝ၁ဝ။
ပျံသန်းနေသော ခွပ်ဒေါင်းတကောင်
ဤခရီးနီးသလား ဝေးသလား
တကယ်ကို လုံးဝမတွေးခဲ့ပါဘူး၊
ဤခရီးဆုံးမလား ဆက်ဦးမလား
တွေဝေကြောင့်ကြ မစဉ်းစားပါဘူး၊
မဟာအမုဒ္ဒရာ ရေပြင်အဆုံးမှာ
အနားသပ် ကမ်းစပ် ရှိစမြဲပါပဲ။
ပျံသန်းနေသည့် ခရီးလမ်း
စိမ့်စမ်း အရိပ်စခန်း မရှိခဲ့ပါဘူး၊
တောတောင် ချောက်ကမ်းပါး ခယောင်းလမ်း
မောပန်းနွမ်းနယ် မဖြစ်ခဲ့ပါဘူး၊
လှိုင်းလေကြမ်းတမ်း ဘယ်လိုရမ်း
စိတ်ပန်းကိုယ်ကြေ မတွန့်မဆုတ်ခဲ့ဘူး။
မိုးထဲလေထဲ နေပူလည်း
အံခဲ ... ပျံမြဲ ... ပျံနေဆဲမို့၊
ဖိစီးသည့်ဒဏ် လောကဓံကို
တွန်းလှန်ဖြေရှင်း ရင်ဆိုင်ရင်းနဲ့၊
ဤခရီးဆုံးခန်း ရှေ့ဆက်လမ်းကို
ရှာဖွေလျှောက်လှမ်း ငါပျံသန်းမည်
မလွဲပန်းတိုင် ရှေ့သို့ချီ။ ။
ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ၊ ကိုရီးယား။
တကယ်ကို လုံးဝမတွေးခဲ့ပါဘူး၊
ဤခရီးဆုံးမလား ဆက်ဦးမလား
တွေဝေကြောင့်ကြ မစဉ်းစားပါဘူး၊
မဟာအမုဒ္ဒရာ ရေပြင်အဆုံးမှာ
အနားသပ် ကမ်းစပ် ရှိစမြဲပါပဲ။
ပျံသန်းနေသည့် ခရီးလမ်း
စိမ့်စမ်း အရိပ်စခန်း မရှိခဲ့ပါဘူး၊
တောတောင် ချောက်ကမ်းပါး ခယောင်းလမ်း
မောပန်းနွမ်းနယ် မဖြစ်ခဲ့ပါဘူး၊
လှိုင်းလေကြမ်းတမ်း ဘယ်လိုရမ်း
စိတ်ပန်းကိုယ်ကြေ မတွန့်မဆုတ်ခဲ့ဘူး။
မိုးထဲလေထဲ နေပူလည်း
အံခဲ ... ပျံမြဲ ... ပျံနေဆဲမို့၊
ဖိစီးသည့်ဒဏ် လောကဓံကို
တွန်းလှန်ဖြေရှင်း ရင်ဆိုင်ရင်းနဲ့၊
ဤခရီးဆုံးခန်း ရှေ့ဆက်လမ်းကို
ရှာဖွေလျှောက်လှမ်း ငါပျံသန်းမည်
မလွဲပန်းတိုင် ရှေ့သို့ချီ။ ။
ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ၊ ကိုရီးယား။
ငြိမ်းချမ်းရေးအတွက် ကျောက်တပွင့်
ရောင်စုံမာယာများ
တပ်မက်စေ ပြုစား
အာရုံတွေမှောက်မှား
အမှန်တရားတွေ
ပျောက်ဆုံးလို့ သွားခဲ့ရ။
အကျိုးမဲ့ဒေါသများ
အဝိဇ္ဇာ တိုက်အားနဲ့ 
အမြင်သုံးဖြာ ပြာဝေသွား
အမှန်တရားများ
ဖုံးကွယ်လို့သွားရ။
တကယ်တော့
ကိုယ့်သဘော မဆောင်တဲ့လောက
သင်္ခါရအပြည့်နဲ့လောက
သူ၊ ငါတွေ
မာန ထောင်လွှား
ဒီကမ္ဘာကြီးကို ငါတို့ထားသွားရမှာပါ။
အကြောင်းအကျိုး
အကောင်းနဲ့ အဆိုး
တရားနှစ်မျိုးရှိပါလျှက်
ငါတို့တွေ စစ် ဆက် ဆက်ဖြစ်နေကြ။
ကြည့်
ရောင်ခြည်ဦးမှာ
ထွန်းပ လင်းလက်မဲ့ ကြယ်စင်ဖြူများ
တိုးတက်ရေးမှာ
အားအင်ဖြည့်မဲ့ ယန္တရားဒေါက်တိုင်များ
စစ်မီးလျှံအောက် လောင်စာဖြစ်ခဲ့ရ
စစ်ရဲ့ဝါးမျိုမှုအောက် ကြွေကျပျောက်ဆုံးခဲ့ရ။
တကယ်ဆို
လူသားသားအချင်းချင်း စာနာရင်း
စစ်အခင်းအကျင်း ရပ်ပြစ်ဖို့
စစ်ပွဲတွေရပ်စဲကြစို့
ငြိမ်းချမ်းတဲ့လောကသစ်ဆီသို့ပေါ့။
စစ်ပွဲရဲ့ အကျိုးအမြတ်
ကျိုးပြတ် သေကြေခြင်းနဲ့ ရူးသွပ်
တိုင်းပြည်လဲ ဦးမမော့နိုင်
ပြည့်ရတနာတွေလဲ ဆုံးပါး
အိမ်နီးနားတွေကလဲ
သံရေး တမန်ရေးနဲ့ 
ဝင်ရောက်ကောက်စားကြ။
စစ်ပွဲရဲ့ အဖြေ
လူမျိုးနွယ်တွေလဲ
မသေရှင် ဖျော့ဖျော့သာကျန်နေခဲ့ရ။
စစ်ပွဲဟာ
ငြိမ်းချမ်းရေးအတွက်
အပြီးအသတ် သုံးသပ်
ဘယ်လိုမှ ဆုံးဖြတ်လို့ မရခဲ။့
အို ...
စစ်ကို ကိုးကွယ်
အမျိုးနွယ်ကြွယ်ဝ
”ငတေ”မာလှတဲ့စနစ်
ဒီခေတ်မှာ
ကျဆုံး
ပျက်သုန်း
နိဂုံးချုပ်ပါတော့
နိဂုံးချုပ်ရမှာပေါ့။ ။
မင်းတာရာ

ဒီဇင်ဘာကို လိုအပ်သလို ခံစားကြည့်ခြင်း
ဒီဇင်ဘာတဲ့လား ...
ဒီမှာတော့
တော်တန်ရုံ အနွေးထည်ခြုံလို့ မလုံနိုင်တဲ့ဆောင်းက
ရွှေ့ပြောင်းအလုပ်သမားလေးတယောက် ဘဝလို
ရေကြည်ရာမြက်နုရာခိုလှုံဖို့ ရောက်လာခဲ့ပြန်လေရဲ့ ...
ငါတို့ဟာ ...
တန်ဖိုးမဖြတ်နိုင်လှတဲ့
မွေးရာပါ လူ့အခွင့်အရေးတွေကို ပိုင်ဆိုင်ထားကြပြီဆိုတော့
အဲဒီ ... ဒီဇင်ဘာရဲ့ နှင်းငွေ့နှင်းခဲ နှင်းပုလဲတွေကို
ငါတို့ရဲ့ အိမ်ဂေဟာတွေထဲမှာ
နွေးထွေးလုံခြုံအောင်လည်း သိမ်းဆည်းထားနိုင်ခွင့်ရှိ ကြတာပေါ့ ...
ငါတို့သာ စိတ်ဝင် တစားရှိကြသေးတယ်ဆိုရင်
ဟောဟိုခပ်ဝေးဝေးမှာ လှမ်းမြင်နေရတဲ့
တောင်တန်းမြင့်ကြီးတွေ ရှိရာဆီကို
ငါတို့ရဲ့ ခြေဖဝါးတွေနဲ့ တလှမ်းချင်းဆက်သွယ်နိုင်သလို
ဒီဘက်အခြမ်း မလှမ်းမကမ်းမှာ မြင်နေရတဲ့ပင်လယ်ပြာကြီးတွေထဲမှာလည်း
ငါတို့ရဲ့ ဆန္ဒတံဆိပ်တွေကို ရဲရဲကြီး ခပ်နှိပ်နိုင်ကြသေးရဲ့ ...
ငါတို့ဟာ ...
ငါတို့သွားချင်တဲ့နေရာတွေဆီကို ရောက်ဖို့အတွက်
အထပ်ထပ် စစ်ဆေးမေးမြန်းမှုတွေကို ဖြေကြားစရာမလိုသလို
ငါတို့ ဆွေမျိုးအပေါင်းအသင်းတွေရဲ့ အိမ်တွေမှာ
ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နိုင်ဖို့ရာအတွက်
ဘယ်ရုံး ကန္နား ဂတ်တဲမှာမှ ဧည့်စာရင်း တိုင်စရာလည်းမလိုဘူး ...
ငါတို့ရဲ့ ဖွင့်ထားတဲ့ အိမ်တံခါးမတွေက
အလုံပိတ်ထားတဲ့ စစ်စခန်းတွေရဲ့ တံခါးမတွေထက်လည်း
ပိုပြီးလုံခြုံစိတ်ချရတဲ့ အာမခံချက်မျိုးတွေကို ပေးနိုင်ကြလေရဲ့ ...
ငါတို့မှာ
ငါတို့ရင်ထဲက စကားတွေကို
ကျယ်ကျယ်လောင်လောင် ပြောနိုင်ဖို့အတွက်
လင်းလက်တဲ့ သတင်းကွန်ယက်တွေ ရှိကြတယ် ...
ငါတို့အတွက်
အမှန်တရားတွေကို ဖော်ထုတ်ရေးသားနိုင်ဖို့
ကြားခံတည်းဖြတ် တံဆိပ်ကပ်ထားတဲ့ အယ်ဒီတာတွေလည်း မလိုအပ်ဘူး ...
ငါတို့မှာ
ဒုက္ခရောက်နေတဲ့သူတွေကို ကူညီစောင့်ရှောက်ဖို့အတွက်
တားမြစ်ကန့်သတ်ချက်တွေ မရှိသလို
အခွင့်အရေး ပိတ်ဆို့ခံရမှုမျိုးတွေလည်း မရှိဘူး ...
ငါတို့ဟာ ...
အဓမ္မ ခိုင်းစေခံရမှုအပေါင်းနဲ့လည်း ကင်းဝေးတယ် ...
ငါတို့မှာ
ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်ရှိပြီး
ကိုယ့်ခရီး ကိုယ်ဖောက်ပိုင်ခွင့်ရှိတဲ့ လက်နှစ်ဖက်နဲ့
ကိုယ့်ခရီး ကိုယ်လျှောက် ပိုင်ခွင့်ရှိတဲ့ ခြေထောက် နှစ်ဖက်လည်းရှိကြရဲ့ ...
ဟောဟို ငါတို့ရှေ့နား ဒီဇင်ဘာတံတားပေါ်က
နှင်းအပြည့် ခုတ်မောင်း သယ်ဆောင်လာနေတဲ့
ဆောင်းရထားကြီးရဲ့ အတွင်းတွဲတနေရာမှာ
ပစ္စုပ္ပန်သတ်ပုံမပြည့်မစုံနဲ့ အနာဂတ်မလုံခြုံနိုင်သေးတဲ့
မြန်မာပြည်ထုတ် စာအုပ်တအုပ်ပါလာလေရဲ့ ...
အဲဒီစာအုပ်ကိုငါတို့ အားလုံးပြိုင်တူဖွင့်လို့
တရွက်ချင်းစီ လှန်ဖတ်ကြတာပေါ့ ...
ပြီးရင်
ငါတို့ရဲ့ အကျယ်လောင်ဆုံးအသံတွေနဲ့
တကမ္ဘာလုံးကကြားနိုင်အောင် သံပြိုင်ဟစ်ကြွေးလို့
မြန်မာပြည်အတွက် အလှဆုံးတေးတပုဒ်ကို
ငါတို့ရဲ့ လွတ်လပ်မှုတွေနဲ့အတူ ပေါင်းစပ်ရေးထုတ်ကြစို့ရဲ့ ...။
ဆောင်းယွန်းလ
ဒီဇင်ဘာ၊ ၅၊ ၂ဝ၁ဝ။

ဝါးမျိုခံရသော အမှန်တရား
ရာဇ တောဝါမီး
လောင်မြိုက်ပြီးတဲ့နောက်
ဒီဖက် တလျှောက်လုံးမှာပေါ့။
ဘဝတွေ
စုတ်ပြဲဖျော့တော့
ကျောကော့ ခံရချက်များက
ကော့စရာ ကျောတောင်မကျန်တော့။
မသေရေးအတွက်
ဖြေဆေးအကွက်ရှာ
“အမှန်”တွေကို လုံခြုံရာသိမ်းဆည်း
“မမှန်”တွေကိုကုန်စည်လိုဖလှယ်ကြ
လက်လီ-လက္ကား
ရောင်းဝယ်ဖေါက်ကားကြ။
ဘဝစုံကျင်လည်မှုကြား
လောကပါလ တရားပျောက်ဆုံးပုံက
“မမှန်”တွေကကြီးပွါး
“အမှန်”တွေကနွမ်းပါး
အာဏာ ကစားတဲ့ကြား
လုံးပါး ပြားခဲ့ရ။
“အမှန်”ရောင်းသူတွေ
တချို့ရုပ်မပါတဲ့ ဘဝ
တချို့နာမ်မပါတဲ့ ဘဝ
တချို့ကလေးပြန်ဖြစ်ကြ
တချို့လေးနံရံနဲ့ အစောင့်အရှောက်ခံလိုက်ရ
တချို့ပင်လယ်ကိုကျော်ပျံသန်းကြ
ပြည်တွင်းစစ်နဲ့ မလှပတဲ့ နိုင်ငံ
ဒါ ... မြန်မာနိုင်ငံပေါ့။
မောင်သုည
လောင်မြိုက်ပြီးတဲ့နောက်
ဒီဖက် တလျှောက်လုံးမှာပေါ့။
ဘဝတွေ
စုတ်ပြဲဖျော့တော့
ကျောကော့ ခံရချက်များက
ကော့စရာ ကျောတောင်မကျန်တော့။
မသေရေးအတွက်
ဖြေဆေးအကွက်ရှာ
“အမှန်”တွေကို လုံခြုံရာသိမ်းဆည်း
“မမှန်”တွေကိုကုန်စည်လိုဖလှယ်ကြ
လက်လီ-လက္ကား
ရောင်းဝယ်ဖေါက်ကားကြ။
ဘဝစုံကျင်လည်မှုကြား
လောကပါလ တရားပျောက်ဆုံးပုံက
“မမှန်”တွေကကြီးပွါး
“အမှန်”တွေကနွမ်းပါး
အာဏာ ကစားတဲ့ကြား
လုံးပါး ပြားခဲ့ရ။
“အမှန်”ရောင်းသူတွေ
တချို့ရုပ်မပါတဲ့ ဘဝ
တချို့နာမ်မပါတဲ့ ဘဝ
တချို့ကလေးပြန်ဖြစ်ကြ
တချို့လေးနံရံနဲ့ အစောင့်အရှောက်ခံလိုက်ရ
တချို့ပင်လယ်ကိုကျော်ပျံသန်းကြ
ပြည်တွင်းစစ်နဲ့ မလှပတဲ့ နိုင်ငံ
ဒါ ... မြန်မာနိုင်ငံပေါ့။
မောင်သုည
ပဋိပက္ခထဲမှာ
အဟောင်းမရှိရင်
အသစ်မရှိနိုင်ဘူး
အသစ်ဟာ အဟောင်းထဲမှာ
မွေးဖွားလာ
အထပ်ထပ် ရုန်းကန်မွေးဖွားလာ။
(ရွက်အိုဟောင်းတွေ
တဖွေးဖွေးကြွေ
ပုရစ်နုတွေက ဖူးသစ်မြ)
သေဆုံးခြင်းမရှိရင်
ရှင်သန်ခြင်းမရှိနိုင်
ရှင်သန်ခြင်းများစွာ
သေဆုံးခြင်းမှာ ဖွားမြင်ခဲ့။
အောက်မရှိရင် အထက်မရှိနိုင်
ဒုက္ခမရှိရင်
သုခ ဆိုတာရှိမှာမဟုတ်
ခက်ခဲခြင်းမရှိရင်
ချောမွေ့ခြင်းရှိမှာမဟုတ်
အမှောင်မရှိရင်
အလင်းရှိမှာမဟုတ်
စစ်မရှိရင်
ငြိမ်းချမ်းရေးရှိမှာမဟုတ်။
ဖိနှိပ်မှုမရှိရင်
လွတ်မြောက်ရေး မရှိ
မရှိနိုင်။
ဖက်နှစ်ဖက်ယှဉ်ထား
ထပ်တူပြုထား
လှုပ်ရှားအားပြိုင်နေကြ
အပြန်အလှန် တွယ်မှီနေကြလို့ပေါ့
စစ်ကြောင့်
ငြိမ်းချမ်းရေးဖြစ်ထွန်းလာခဲ့။
ဖိနှိပ်မှုကြောင့်ပဲ
လွတ်မြောက်လာခဲ့ကြ။
အေးမြနှင်းရည်
နိုဝင်ဘာ၊ ၂၃ ၊ ၂ဝ၁ဝ။
အသစ်မရှိနိုင်ဘူး
အသစ်ဟာ အဟောင်းထဲမှာ
မွေးဖွားလာ
အထပ်ထပ် ရုန်းကန်မွေးဖွားလာ။
(ရွက်အိုဟောင်းတွေ
တဖွေးဖွေးကြွေ
ပုရစ်နုတွေက ဖူးသစ်မြ)
သေဆုံးခြင်းမရှိရင်
ရှင်သန်ခြင်းမရှိနိုင်
ရှင်သန်ခြင်းများစွာ
သေဆုံးခြင်းမှာ ဖွားမြင်ခဲ့။
အောက်မရှိရင် အထက်မရှိနိုင်
ဒုက္ခမရှိရင်
သုခ ဆိုတာရှိမှာမဟုတ်
ခက်ခဲခြင်းမရှိရင်
ချောမွေ့ခြင်းရှိမှာမဟုတ်
အမှောင်မရှိရင်
အလင်းရှိမှာမဟုတ်
စစ်မရှိရင်
ငြိမ်းချမ်းရေးရှိမှာမဟုတ်။
ဖိနှိပ်မှုမရှိရင်
လွတ်မြောက်ရေး မရှိ
မရှိနိုင်။
ဖက်နှစ်ဖက်ယှဉ်ထား
ထပ်တူပြုထား
လှုပ်ရှားအားပြိုင်နေကြ
အပြန်အလှန် တွယ်မှီနေကြလို့ပေါ့
စစ်ကြောင့်
ငြိမ်းချမ်းရေးဖြစ်ထွန်းလာခဲ့။
ဖိနှိပ်မှုကြောင့်ပဲ
လွတ်မြောက်လာခဲ့ကြ။
အေးမြနှင်းရည်
နိုဝင်ဘာ၊ ၂၃ ၊ ၂ဝ၁ဝ။
သွေးမျက်ရည် ပြာပုံပေါ်က စကားဝိုင်း
“သေနတ်သံ မငြိမ်သမျှ
ကျနော်တို့ ဗမာပြည်ဘာမှလုပ်မရဘူးဗျာ
သေနတ်သံငြိမ်အောင်လုပ်ပေးပါ”
(ကဗျာဆရာ ကိုလေး အင်းဝဂုဏ်ရည် RFA သို့ပြောကြားချက်)
ကမ္ဘာမှာ အရှည်လျားဆုံးပြည်တွင်းစစ်
နှစ်ဆယ့်တစ်ရာစုထဲဆီ
ဦးတည်လာခဲ့။
အုပ်စိုးသူ သူတို့အသီးသီးရဲ့အမြတ်အကျိုး
စစ်ပွဲကိုလုပ်
စစ်ပွဲထဲက ထုတ်ယူကြတယ်။
ပြည်တွင်းစစ် ... ရပ်စဲပစ်
ပြည်တွင်းငြိမ်းချမ်းရေး ... ပေး ... ပေးပါ
သွေးကြောတွေထဲက ပစ်ပစ်နစ်နစ်ပြောနေခဲ့
အလောင်းတွေပေါ်က
အရိုးတောင်လိုပုံတဲ့အပေါ်က
သွေးမျက်ရည်ပင်လယ်ထဲက
ရှိုက်သံဒေါသ ဟစ်ကြွေးတောင်းဆိုခဲ့ကြ။
စစ်မြေပြင်
ပြာပုံသွေးအိုင်တွေပေါ်မှာ
စကားပြောကြပါ ... ငြိမ်းချမ်းရေး။
သူတို့က လူမိုက်
ကိုယ်ကျိုးထိခိုက်မှာစိုးလို့
ဟိုတိုး ဒီရှောင် ဒီကွေ့
စစ်ပျော်မွေ့သူတွေ။
ကျမတို့လက်ထဲ
ကျစ်လစ်ခိုင်ကျည် ညီညွတ်မှု
လူထုအင်အားရှိရမယ်
ငြိမ်းချမ်းရေးလုပ်ပါ
တောင်းမရတဲ့အခါ တိုက်ရမှာပေါ့။
တိုက်ပွဲဒီရေမြင့်
အဆင့်ဆင့်ကြီးထွားလာ
ဒီလူတွေဟာ
ပြာပုံပေါ်က စကားဝိုင်းထဲ
ရောက်လာရမှာပဲ
မြေကြီးခတ်မလွဲ။
ရီရီမာ (သစ္စာ)
၇၊ ၁၂၊ ၂ဝ၁ဝ။

ဒေဝဒတ်တွေ ကတဲ့ဇာတ်
ကမ္ဘာဦးကနေ ယနေ့ ခေတ်အထိ
အာဏာစက်နဲ့  ချေဖျက်
ကြေပျက်သွားတဲ့ 
ဓမ္မစက်ဆိုတာမရှိ
လူတိုင်းက သိကြပါတယ် အမေ ...
ဘာသာ သာသနာကို ဖျက်ဆီး
သံဃာတော်တွေကို သတ်ပီးမှတော့
ရွှေစလွယ် ငွေစလွယ်
ပိတ်ဖြူစင်ကြယ်ဝတ်ဆင်
ရွှေထီး ငွေထီးဆောင်း
သွေးစွန်းလက်နဲ့ 
ဘုရားတည် ကျောင်းဆောက်
သနားလောက်စရာ သတ္တဝါတွေရယ်
ကိုယ့်အလှည့်ကျတော့လည်း
အံကြိတ်ခံကြစမ်းပေါ့ကွယ် ...
အာဏာနဲ့ ဖိနှိပ်အုပ်ချုပ်တဲ့ တိုင်းပြည်ဟာ
အတိတ် ပစ္စုပ္ပန် အနာဂတ်
အဲဒီ သုံးရပ်စလုံးမှာ တည်မြဲခြင်း မရှိဆိုတာ
ဘုရားဟော ဒေသနာတော်တွေအရ
ဗုဒ္ဓဝင် အဖြစ်အပျက် အစုံအလင်ထဲမှာ
ဇာတ် နိပါတ်တော်တွေထဲမှာ
အကျိုး အပြစ် အဆိုး အညစ်တွေ ရှိရဲ့ မဟုတ်လား အမေ ...
ဘုန်းကြီးတစ္ဆေထက်ဆိုးတဲ့ ကောင်တွေမို့ 
ကမ္မဝါသာမက
ဘယ်ဘာသာနဲ့ မှ ခဝါချလို့ လဲမရ
အမေရေ ...
အခုတော့
ဒင်းတို့ ... ဒေဝဒတ်ဇာတ်တော်ကြီးကို
မြိုင်မြိုင်ဆိုင်ဆိုင် ကနေကြပေါ့ ...။
ရဲရင့်သက်ဇွဲ
၁၆၊ ၁၂၊ ၂ဝ၁ဝ။

၃၁ ဘုံ လူသား
ယခင်ဘဝ ကောင်းမှုကုသိုလ်
ဝိပါကကြောင့် ယခုဘဝ
ရခဲ့လှသည့် လူဘဝကို ရခဲ့ကြသည်။
လူဖြစ်လာသည့် ဤဘဝဝယ်
ဘဝတဏှာ ခိုင်းစေရာကို
လုပ်ရရှာပြီး စားမှုသောက်မှု
အစုစုဖြင့် သားကျွေးမယားကျွေး
အထွေထွေကို ဘဝခန္ဓာရင်းကာရှာပြီး
နေ့မအားညမအား လောဘတဏှာ
မောဟများဖြင့် အဆက်မပြတ်
ဇယ်စက်သလို လုပ်ရပါလည်း
အဝိဇ္ဇာအမှောင် ဖုံးပိတ်လှောင်၍
ဉာဏ်မကွန်မြူး ကံကွန်မြူးကာ
နောက်ဆုံးထွက်သက် သေငယ်ဇောထိ
ရောက်ခဲ့ပါလည်း ဝိပဿနာ
မလုပ်ခဲ့ရှာ၍ အပ္ပါယ်တံခါး
တစ်လမ်းသွားဖြင့် အောက်ဆုံးထစ်၌
ဘဝသံသရာ ဆက်ကာဆက်ကာ
လည်အုံးမည်။
ဝိပါက - မိမိပြုခဲ့သည့်အတိုင်း အကျိုးပေးသည့် ဝိပါကနိမိတ်
အောက်ဆုံးထစ် - တိရစ္ဆာန်၊ ငရဲ၊ ဗြိတ္တာ၊ အသူရက္ကယ်
ခိုင်ပေါ်ထွန်း

Monday, September 27, 2010
第三国定住 ミャンマー難民が来日

9月28日 12時15分
迫害や紛争などから母国を逃れ外国で暮らす難民を、さらに別の国が受け入れる「第三国定住」と呼ばれる支援策で日本が初めて受け入れるミャンマー難民の人たちが、28日朝、来日しました。
28日朝、成田空港に到着したのは、ミャンマー軍事政権からの弾圧や迫害を逃れ、タイ北西部にある 難民キャンプで暮らしていた、ミャンマー難民の3つの家族のあわせて18人です。ミャンマー難民たちは、母国から逃れて外国で暮らす難民を別の国が受け入 れる「第三国定住」と呼ばれる支援策に沿って来日したもので、日本での受け入れは初めてです。到着した人たちは、「動く歩道」などに戸惑った様子を見せて いましたが、日本で暮らしているミャンマー人らから拍手で出迎えを受けると、ホッとした笑顔を浮かべていました。難民の女性は「日本に来られて感激してい ます。子どもを学校に通わせることができるのが、うれしいです」と話していました。家族たちは、今後、半年間にわたって日本語や生活習慣についての研修を 受けたあと、定住先や就職先を探すことになっています。日本政府は、「第三国定住」に沿って、今後、3年間でおよそ90人のミャンマー難民を受け入れるこ とにしていています。
Credit to NHK news http://www3.nhk.or.jp/news/html/20100928/k10014242601000.html
Monday, July 26, 2010
Subscribe to:
Comments (Atom)