Monday, December 27, 2010

ပျံသန်းနေသော ခွပ်ဒေါင်းတကောင်

ဤခရီးနီးသလား ဝေးသလား
တကယ်ကို လုံးဝမတွေးခဲ့ပါဘူး၊
ဤခရီးဆုံးမလား ဆက်ဦးမလား
တွေဝေကြောင့်ကြ မစဉ်းစားပါဘူး၊
မဟာအမုဒ္ဒရာ ရေပြင်အဆုံးမှာ
အနားသပ် ကမ်းစပ် ရှိစမြဲပါပဲ။

ပျံသန်းနေသည့် ခရီးလမ်း
စိမ့်စမ်း အရိပ်စခန်း မရှိခဲ့ပါဘူး၊
တောတောင် ချောက်ကမ်းပါး ခယောင်းလမ်း
မောပန်းနွမ်းနယ် မဖြစ်ခဲ့ပါဘူး၊
လှိုင်းလေကြမ်းတမ်း ဘယ်လိုရမ်း
စိတ်ပန်းကိုယ်ကြေ မတွန့်မဆုတ်ခဲ့ဘူး။

မိုးထဲလေထဲ နေပူလည်း
အံခဲ ... ပျံမြဲ ... ပျံနေဆဲမို့၊
ဖိစီးသည့်ဒဏ် လောကဓံကို
တွန်းလှန်ဖြေရှင်း ရင်ဆိုင်ရင်းနဲ့၊
ဤခရီးဆုံးခန်း ရှေ့ဆက်လမ်းကို
ရှာဖွေလျှောက်လှမ်း ငါပျံသန်းမည်
မလွဲပန်းတိုင် ရှေ့သို့ချီ။ ။


ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ၊ ကိုရီးယား။

No comments:

Post a Comment