သားတွေလည်းပြုံး အမေပြုံး၍
အပြုံးတွေပြိုင် မြိုင်ဆိုင်လှိုင်ခဲ့၊
မဆိုင်သူများ အမုန်းပွါးတဲ့
ထိုနေ့ရက်မှာ ကျနော်တို့မလာနိုင်တာ
ခွင့်လွှတ်ပါအမေ။
နေအိမ်အချုပ် သူရုပ်တို့လက်
အာဏာစက်မှ လွတ်မြောက်ခါစ
တခဏမှာ အမေ့အပြုံးဟာ
ကမ္ဘာကိုငြိမ်းချမ်းစေလောက်တယ်။
သူကခေါင်းဆောင် ပြည့်ကျိုးဆောင်သူ
သည်လူကျောမွဲ ဆင့်တန်းခွဲလျက်၊
ငါကဗမာ ငါ့ဘာသာတွက်
လူမျိုးငဲ့ကွက် ပါတီစွဲလျက်၊
အမေရိက ဥရောပနဲ့
အာရှတိုက်ပဲ ဒေသစွဲလျက်၊
ငါနဲ့မတူ ငါ့ရန်သူဟု
သူ့လူ၊ ငါ့လူ မခွဲခြားတဲ့အမေ။
ချစ်မုန်းကျွမ်းဝင် အာဏာရှင်ပင်
အစဉ်ဖိတ်ခေါ် ရှေ့ရေးမျှော်ခဲ့တဲ့၊
အမေရိက ဥရောပသံတမန်
အာရှပါမကျန် တွေ့ဆုံခဲ့တဲ့၊
မြန်ပြည်သာယာ ၂၁ရာစုမှာ
ညီလာခံခင်း တွေ့ဆုံချင်ခဲ့တဲ့၊
ခွင့်ရေးညီမျှ တူတကွနေကြရအောင်
ပြည့်အရေး ခေါင်းဆောင်နေတဲ့အမေ။
အဲဒါ
ကျနော်တို့မြို့က ကျနော်တို့အမေ။
မြတ်သစ် (DAWN)
၂၃၊ ၁၂၊ ၂ဝ၁ဝ။
No comments:
Post a Comment